Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Paul Walker ကွယ်လွန်ခြင်း ၂ နှစ်ပြည့် Vin Diesel နဲ့ Tyrese တို့ ဆုတောင်းမှု ပြုလုပ်

Paul Walker ကွယ်လွန်ခြင်း ၂ နှစ်ပြည့် Vin Diesel နဲ့ Tyrese တို့ ဆုတောင်းမှု ပြုလုပ်

| No comment



မမျှော်လင့်ထားတဲ့ ယာဉ်တိုက်မှု တစ်ခုအတွင်းမှာ ပါဝင်ပြီး နာမည်ကျော် မင်းသား Paul Walker တစ်ယောက် သေဆုံးသွားခဲ့ရတာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ  ၂ နှစ်ခန့်ပင် ရှိနေပါပြီ။

Paul Walker ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အမှတ်တရ အတွက် သူ့ရဲ့ Fast & Furious ဇာတ်လမ်းရဲ့ တွဲဖက်သရုပ်ဆောင် သူငယ်ချင်း ၂ ယောက်ဖြစ်တဲ့ Vin Diesel နဲ့ Tyrese Gibson တို့က လူမှုမီဒီယာ ကို အသုံးပြုခဲ့ကြပါတယ်။

Fast & Furious ဇာတ်လမ်းရဲ့ ခေါင်းဆောင် မင်းသား တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ သမီးလေးနာမည်ကိုပါ Paul Walker ရဲ့ နာမည်အတိုင်းပေးထားခဲ့တဲ့ Vin Diesel ကတော့ Instagram မှာ သူနဲ့ Paul Walker တို့ရဲ့ ဓါတ်ပုံ တစ်ပုံကို တင်ထားခဲ့ပြီး "ဒီ စကြာဝဠာထဲကဘယ်နေရာမှာ မင်းရှိနေပါစေ.... မင်းဟာငါ့ရဲ့ ညီအစ်ကိုတစ်ယောက် အမြဲတမ်းဖြစ်နေမှာပါ" လို့လည်း ရေးသားခဲ့ပါတယ်။

Tyrese ကတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ Paul Walker အတွက် "အခုထိ မလွယ်ကူသေးပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ် ဒီလို အချိန်မျိုးမှာ ငါတို့ရဲ့ ညီအစ်ကိုတစ် ယောက်ကို ဆုံးရှုံးခဲ့ရပါတယ်။ဒီနေ့မှာ ငါဟာကြည်လင်ပြတ်သားစွာ ဆုတောင်းဖို့ပဲ ရှိပါတယ်။ Walker ရဲ့ မိသားစု နဲ့ သူနဲ့အတူနေ့တိုင်းရှိခဲ့တဲ့ သူငယ်ချင်းအစစ်အမှန်တွေအတွက် ဆက်လက်ပြီး ဆုတောင်းပေးကြပါ။ ငါသိနေတယ် မင်းက ကောင်းကင်ဘုံမှာ ပြုံးနေပြီး ငါတို့ကို ကြည့်နေလိမ့်မယ်ယယယ #RIH (ကောင်းကင်ဘုံမှာနားခိုးပါ)" လို့လည်းရေးသားထားတာကို တွေ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror