Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Resident Evil ဇာတ်ကားရိုက်ကွင်းမှာ ဟမ်းမားကားပိကျကာ ရိုက်ကူးရေးအဖွဲ့ ဝင်တစ်ဦး သေဆုံး

Resident Evil ဇာတ်ကားရိုက်ကွင်းမှာ ဟမ်းမားကားပိကျကာ ရိုက်ကူးရေးအဖွဲ့ ဝင်တစ်ဦး သေဆုံး

| No comment



Resident Evil ဇာတ်ကားအသစ်ရုပ်ရှင်ရိုက်ကွင်းမှာ တောင်အာဖရိကအမျိုးသားတစ်ဦးဟာ ဟမ်းမားကားပိပြီး သေဆုံးခဲ့ရပါတယ်။

Cape Town မြို့ အနီးနားက Mitchells Plains မြို့ နယ်မှာနေထိုင်သူ Ricardo Cornelius ဟာ Cape Town မြို့ က Resident Evil ရိုက်ကွင်းမှာ အလုပ်လုပ်နေတာ ငါးပတ်ပဲ ရှိသေးတယ်လို့ သိရပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကလည်း  Resident Evil ရိုက်ကွင်းမှာပဲ ဗြိတိသျှစတန့် မင်းသမီးတစ်ဦး မတော်တဆမှုတစ်ခု ကြုံတွေ့ ရပြီးနောက် ဒဏ်ရာတွေဆိုးရွားတာကြောင့် လက်မောင်းပါ ဖြတ်ပစ်ရတော့မှာ ဖြစ်ပါတယ်။

ယခု သေဆုံးခဲ့ရသူ ၊ အသက် ၃၄ နှစ်အရွယ် M Cornelius ဟာ အမေရိကန်စစ်တပ်ထုတ် Hummer ကားကို ကူညီပြင်ဆင်ပေးနေသူဖြစ်ပြီး ကားကို ဆုံလည်ခုံမှာတင်ထားချိန်မှာ ကားက တိမ်းစောင်းလဲကျကာ၊ Mr Cornelius ကို နံရံနဲ့ ဖိညှပ်သလို ဖြစ်ပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Mr Cornelius ကို အချိန်မီဆေးရုံပို့ ဆောင်ကာ အသက်ကယ်စက်ပေါ်ထားခဲ့ပေမ့လည်း နာရီအနည်းငယ်အကြာမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

“ဆေးရုံရောက်ရောက်ချင်း၊ သူ့ ကို ခွဲစိတ်ခန်းသွင်းရမယ်လို့ ဆရာဝန်တွေပြောပါတယ်။ သူ့ နှုလုံးခုန်တာက ရပ်သွားပြီး ဆရာဝန်တွေက ကြိုးစားပြီး ပြန်ခုန်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ သူ့ အဆုတ်တွေက လုံးဝ ပြားချပ်သွားပြီး သွေးမတရားထွက်နေတယ်လို့ ဆရာဝန်တွေက ပြောတယ်” လို့  ဇနီးဖြစ်သူ Mrs Cornelius က တောင်အာဖရိကသတင်းဝက်ဘ်ဆိုဒ် IOL ကို ပြောပြပါတယ်။

“ တစ်နာရီလောက်သူ့ နားမှာကျွန်မတို့ ရှိနေခဲ့ပြီးနောက်တော့ သူကွယ်လွန်သွားခဲ့တယ်”

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: DailyMail