Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သူမရဲ့ရင်သားတွေ လူမြင်ကွင်းမှာပေါ်ခဲ့တဲ့အကြိမ်ပေါင်းကို မမှတ်မိတော့တဲ့ Rita Ora

သူမရဲ့ရင်သားတွေ လူမြင်ကွင်းမှာပေါ်ခဲ့တဲ့အကြိမ်ပေါင်းကို မမှတ်မိတော့တဲ့ Rita Ora

| No comment




ဝတ်စုံချို့ ယွင်းမှုကြောင့် တစ်ပတ်အတွင်း လူမြင်ကွင်းမှာ သားမြတ်ခေါင်း နှစ်ခါတိတိ ပေါ်ခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင်၊ X Factor ဒိုင်လူကြီး Rita Ora က ဒီလိုဖြစ်ရတဲ့အကြိမ်ပေါင်းကိုတောင် မမှတ်မိတော့ဘူးလို့  ဖွင့်ဟလိုက်ပါတယ်။ 

လွန်ခဲ့တဲ့စနေနေ့ က X Factor ဆီမီးဖိုင်နယ်ပွဲမှာ လည်ဟိုက်ဝတ်စုံ လျှော်ကျပြီး သားမြတ်ထိပ် ပါ ပေါ်သွားခဲ့တဲ့ Rita Ora က သူမရဲ့ မတော်တရော်အ၀တ်အစားရွေးချယ်မှုတွေကို ခုခံပြောဆိုခဲ့ပြီး သူမအနေနဲ့ ဒါကို ပြောင်းလဲဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

တင်္နလာနေ့ က The Sun သတင်းစာကို ပြောကြားခဲ့ရာမှာ Rita Ora က ဒါဟာ ပျော်ဖို့ ကောင်းပြီး သူ့ ရင်သားတွေခဏခဏပေါ်နေတာကြောင့် ဒါနဲ့ ပတ်သတ်ပြီး ရှက်ကြောက်မနေတော့ဘူးလို့ ဆိုပါတယ်။ Rita Ora က သူမအနေနဲ့ အခုလိုဖြစ်ပါများလွန်းလို့ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့ဖူးမှန်း မှတ်တောင်မမှတ်မိတော့ဘူး လို့ ဖွင့်ဟခဲ့ပါတယ်။




“ ဘာပဲဖြစ်ဖြစ်၊ ဖက်ရှင်ကျချင်ရင်တော့ နည်းနည်းစွန့် စားရမှာပေါ့။ ဒါကလည်း ကျွန်မရဲ့ စွန့် စားမှုပါ။ ဒီအတွက်လည်း ဂုဏ်ယူမိပါတယ်”
အဆိုပါတင်္နလာနေ့ မှာပဲ၊ Rita ဟာ Cirque le Soir နိုက်ကလပ်တက်လာချိန်မှာ ဇာဘရာစီယာခါးပြတ်အင်္ကျီ လျှောကျပြီး သားမြတ်ထိပ် ပေါ်ခဲ့ပြန်ပါတယ်။

ဒါပေမယ့် Rita Ora ကတော့ သူမအတွက်အ၀တ်အစားစီစဉ်ပေးတဲ့အဖွဲ့ က သူမဘယ်တော့မှ အလွန်အကျွံ ပေါ်တာမျိုးမဖြစ်အောင်လို့ အစွမ်းကုန်လုပ်ပေးထားတယ်လို့ ဆိုတုန်းဖြစ်ပါတယ်။ 


( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Dailymail