Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေရှာတဲ့ Rita Ora

တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေရှာတဲ့ Rita Ora

| No comment



နောက်ပိုင်းမှာ အရမ်းလန်းတဲ့ ဓါတ်ပုံတွေ မကြာခဏ ဖော်ပြလေ့ရှိလာသူ ပေါ့ပ်အဆိုတော်မလေး Rita Ora ဟာ မိုင်ယာမီ ကမ်းခြေမှာ သူမ ရဲ့  လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေဖြစ်တဲ့ Daisy Lowe ၊ Nick Grimshaw တို့နဲ့ အတူ ဆောင်းတွင်းနေရောင်ခြည်ကို ခံစားခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့ ရဲ့ ကမ်းခြေဓါတ်ပုံတွေအရတော့ Rita Ora ဟာ သူမ ရွေးချယ်ထားတဲ့ ရေကူးဝတ်စုံနဲ့ ပတ်သက်ပြီး တစ်ခုခု ပြဿနာ ရှိနေခဲ့ပါတယ်။ သူမ ရွေးချယ်ခဲ့တာကတော့ အနက်ရောင် ဘစ်ကနီ ၀တ်စုံဖြစ်ပြီး သူမ ရဲ့ ကောက်ကြောင်းအလှတွေကို သိသာစွာ ပေါ်လွင်စေပါတယ်။

ပြဿနာ ကတော့ အသက် ၂၅ နှစ်အရွယ် ပေါ့ပ်အဆိုတော်မလေး Rita Ora ဟာ ရေကူးနေရင်းနဲ့ ပင်လယ်ထဲမှ ပြေးတက်လာကာ သူမ ရဲ့  ရေကူး ဘစ်ကနီဘောင်းဘီကိုလည်း ဖုံးအုပ်ထားခဲ့တာကိုတွေ့ရပါတယ်။ သူမ ဘာကို ဖုံးအုပ်ထားတာလဲ ဆိုတာကိုတော့ သိရှိနိုင်ခြင်း မရှိခဲ့ပါဘူး။

X Factor အစီအစဉ် ရဲ့ ဒိုင်တစ်ယောက်လည်းဖြစ်တဲ့ Rita Ora ဟာ  ရေထဲကတက်လာတဲ့အချိန်မှာ သူမ ရဲ့ မျက်နှာဟာ ရှက်ပြုံးရောင် သန်းနေခဲ့တာကြောင့် ဒါဟာ သူမ ရဲ့ မလုံမလဲ ဖြစ်သွားတဲ့ ခန္ဓာကိုယ်အလှကို ဖုံးအုပ်နေတာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

စာဖတ်ပရိတ်သတ်ကြီးလည်း Rita Ora ရဲ့ ကမ်းခြေ ဓါတ်ပုံတွေကို ကြည့်ပြီး သူမဘာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail