Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဒီနှစ်အတွက် အထူးခြားဆုံး ခရစ်စမတ် လက်ဆောင် ရရှိခဲ့တဲ့ Robert Downey Jr.

ဒီနှစ်အတွက် အထူးခြားဆုံး ခရစ်စမတ် လက်ဆောင် ရရှိခဲ့တဲ့ Robert Downey Jr.

| No comment





ဒီနှစ်အတွက်တော့ Iron Man မင်းသား Robert Downey Jr. ဟာ ဘယ်သူနဲ့မှမတူ တဲ့ အထူး ခရစ်စမတ် လက်ဆောင်တစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒါကတော့ ဟောလီးဝုဒ်မင်းသား Robert ဟာ ၁၉၉၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါး အမှုအခင်းကနေ ကယ်လီဖိုးနီးယား မြို့ တော်ဝန် Jerry Brown ကိုယ်တိုင် လွတ်ငြိမ်းခွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

Robert DowneyJr. ဟာ Marvel ရဲ့ အထင်ရှားဆုံး ဇာတ်ကောင် Iron Man အဖြစ်လူသိများသူဖြစ်ပြီး ကမ္ဘာမှာ အနုပညာကြေး အမြင့်ဆုံး ရတဲ့ မင်းသားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၁၉၉၀ ၀န်းကျင် ကာလတွေတုန်းကတော့ Robert Downey Jr. ဟာ မူးယစ်ဆေး စွဲလန်းမှု ကြောင့် တော်တော်လေး ရုန်ကန်းခဲ့ရပြီး ၁၉၉၆ ခုနှစ်တုန်းကတော့ ဟီရိုရင်း ၊ ကိုကိန်း နဲ့ ပစ်စတို သေနတ် တစ်လက်ကို သူ့ရဲ့  ကားထဲမှာ အာဏာပိုင်တွေက ရှာဖွေ တွေ့ ရှိခဲ့တာကြောင့် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ထို ပြစ်မှုအတွက် Robert ဟာ ထောင်ထဲမှာ ခေတ္တ ပြစ်ဒဏ်ခံခဲ့ရဖူးပြီး ကျန်ရှိနေတဲ့ လူမှုရေး ပြစ်ဒဏ်တွေကနေ လွတ်မြောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရဟာ နှစ်စဉ်နှစ်တိုင်း ရာဇ၀တ်မှု သေးငယ်သူတွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ယဉ်ကျေးမှု ကို ကျင့်သုံးခဲ့ပြီး ဒီနှစ်မှာတော့ Robert Downey Jr. အပါအ၀င် ၉၁ ယောက်ကို ပြစ်ဒဏ်အသီးသီးကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse