Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အသက် ၆၈ နှစ်အရွယ်မှာ ဖခင် ထပ်မံ ဖြစ်လာတော့မယ့် ရော့ခ်အန်ရိုးလ် ဆရာသမားကြီး Ronnie Wood

အသက် ၆၈ နှစ်အရွယ်မှာ ဖခင် ထပ်မံ ဖြစ်လာတော့မယ့် ရော့ခ်အန်ရိုးလ် ဆရာသမားကြီး Ronnie Wood

| No comment




ရော့ခ်အန်ရိုးလ် ဆရာသမားကြီး Ronnie Wood တစ်ယောက် အသက် ၆၈ နှစ်အရွယ် မှာ အမြွှာပူးကလေး ၂ ယောက် ရဲ့ ဖခင် အဖြစ် ထပ်မံ ဖြစ်လာတော့မှာဖြစ်တယ်လို့သိရပါတယ်။

The Sun သတင်းဌာန ရဲ့ ဖော်ပြချက်အရ ကမ္ဘာကျော် ရော့ခ်အဖွဲ့ Rolling Stones အဖွဲ့ဝင် Ronnie Wood နဲ့ သူ့ရဲ့ ဇနီးသည် အသက် ၃၇ နှစ်အရွယ် Sally Humphreys တို့ဟာ ကိုယ်ဝန် ထပ်မံရရှိနေပြီဖြစ်ပြီး ဒီတစ်ခေါက် ကိုယ်ဝန်ကတော့ အမြွှာပူး ဖြစ်တယ်လို့လည်း သိရပါတယ်။

Ronnie နဲ့ Sally တို့ကတော့ ကိုယ်ဝန်ကိစ္စအတွက် အရမ်းကို စိတ်လှုပ်ရှားနေတယ်လို့ ဆိုထားပြီး Ronnie ကလည်း ဖခင် အဖြစ်နောက်တစ်ကြိမ် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။ အမြွှာပူးဖြစ်နေတဲ့အတွက်လည်း ရော့ခ်ကာကြီး Ronnie အတွက် တာဝန်တွေက ပိုမိုကြီးမားလာခဲ့ပါတယ်။

ရင်းနှီးသူတစ်ဦးက ပြောပြခဲ့တာကတော့ "Ronnie ဟာ အရမ်း စိတ်လှုပ်ရှားနေပါတယ်။ သူတို့ ဟာ ကိုယ်ဝန် ၁၂ ပတ် ရှိနေပြီဆိုတာကို Scan ကတစ်ဆင့် သိရှိပြီး အားလုံးကို ပြောပြခဲ့ပါတယ်။ သူဟာ ဖခင်တစ်ယောက် ထပ်မံဖြစ်လာဖို့ကို မစောင့်နိုင်တော့ပါဘူး။သူ့ရဲ့ အသက်အရွယ်ဟာလည်း ပြဿနာ တော့မရှိပါဘူး။ သူဟာ ငယ်ရွယ်ပြီး အံဝင်ခွင်ကျဖြစ်နေဆဲပါ" လို့ ဆိုခဲ့ပါတယ်။

Ronnie ဟာ Sally နဲ့ ၂၀၁၂ ခုနြှစ်က လက်ထပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ပထမ အိမ်ထောင် Krissy နဲ့ အသက် ၃၉ နှစ်အရွယ် Jesse ဆိုတဲ့ ကလေးကို မွေးဖွားထားပြီး ဒုတိယ ဇနီး Jo Wood နဲ့တော့ အသက် ၃၆ နှစ်အရွယ် Leah ၊ အသက် ၃၀ အရွယ် Tyrone ၊ အသက် ၄၁ နှစ်အရွယ် Jamie တို့ကို မွေးဖွားထားပြန်ပါတယ်။ Jamie ကတော့ Jo Wood ရဲ့ အရင်အိမ်ထောင်နဲ့ ရတဲ့ကလေးဖြစ်ပြီး Jamie ကို Ronnie က မွေးစားထားတာလည်း ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Metro