Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Saint West ဆိုတာ ဘယ်သူလဲမသိ ဖြစ်ခဲ့တဲ့ Kristen Dunst

Saint West ဆိုတာ ဘယ်သူလဲမသိ ဖြစ်ခဲ့တဲ့ Kristen Dunst

| No comment



ကမ္ဘာကျော် Spider-Man ဇာတ်လမ်းဟောင်းမှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Mary Jane အဖြစ် သရုပ်ဆောင်ပြီး လူသိများလာခဲ့သူ Kirsten Dunst တစ်ယောက် Tonight Show အစီစဉ်မှာ Saint West က ဘယ်သူမှန်း မသိပါဘူးလို့ ၀န်ခံတဲ့အခါ ပရိတ်သတ်တွေဆီကနေ အသံစုံထွက်လာပါတော့သတဲ့။

ဒီရယ်စရာအဖြစ်အပျက်ဟာ Jimmy Fallon စီစဉ်တင်ဆက်တဲ့ အစီစဉ်မှာ Dunst တစ်ယောက် Will Smith နဲ့အတူ တွဲဖက်ဂိမ်းဆော့နေစဉ် ဖြစ်သွားတာဖြစ်ပါတယ်။

မင်းသမီးက သူ့ဆွဲယူလိုက်တဲ့ ကတ်ပြားမှာ Sait West လို့ ရေးသားထားတာကို တွေ့တဲ့အခါ “ ဒါဘာကြီးလဲ? “ လို့ လှမ်းမေးလိုက်ချိန်မှာတော့ ပရိတ်သတ်တွေ ပွဲကျသွားအောင် ရယ်မောခဲ့ကြတာဖြစ်ပါတယ်။

Saint West ကလေးကတော့ ဒီလအစပိုင်းမှာ မွေးဖွားခဲ့တဲ့ Kim Kardashian နဲ့ Kanye West တို့ရဲ့ ဒုတိယမြောက်ရင်သွေးလေးဖြစ်နေတာကို Dunst တစ်ယောက် သတိမမူမိခဲ့ဘူး ထင်ပါရဲ့။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi