Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဘစ်ကနီ ဆယ်လ်ဖီ နဲ့ ပရိတ်သတ်တွေကို ဖမ်းစားလိုက်ပြန်တဲ့ Selena Gomez

ဘစ်ကနီ ဆယ်လ်ဖီ နဲ့ ပရိတ်သတ်တွေကို ဖမ်းစားလိုက်ပြန်တဲ့ Selena Gomez

| No comment



Selena Gomez ဟာ သူမရဲ့  ပရိတ်သတ်တွေ ကို Instagram ဆယ်လ်ဖီ ဓါတ်ပုံ တစ်ပုံနဲ့ ဖမ်းစားလိုက်ပြန်ပါတယ်။

မကြာခင် ထွက်ပေးလာတဲ့မယ့် ဓါတ်ပုံ ရိုက်ကွင်းတစ်ခုရဲ့  ရှုတင်နောက်ကွယ်ပုံရိပ် တစ်ခုအနေနဲ့ သူမဟာ အနက်ရောင် ဘစ်ကနီ ၀တ်စုံ ကို ၀တ်ဆင်ပြီး မှန်တစ်ချပ် ရှေ့ မှာ ယုံကြည်မှု ရှိစွာ နဲ့ ဆယ်လ်ဖီ ဓါတ်ပုံ ရိုက်ခဲ့ပြန်ပါတယ်။ ထို ဓါတ်ပုံထဲမှာတော့ သူမဟာ လက်တစ်ဖက်ကို မြှောက်ထားပြီး ဆံပင်တွေကတော့ သူမရဲ့  ပခုံးအထက် မှာ ရှုပ်ထွေးစွာ ပြန့်ကျဲနေပါတယ်။

မကြာသေးခင်ကမှ One Direction အဖွဲ့ ဝင် Niall Horan နဲ့ တွဲနေတယ်လို့ ကောလာဟလ တွေထွက်ပေါ်နေတဲ့ Selena Gomez ဟာ သူမရဲ့  ရည်းစားဟောင်း Justin Bieber ကို ရွဲ့  ပြီး အခုလို ဓါတ်ပုံတင်လိုက်တာလည်းဖြစ်နိုင်ပါတယ်။ Justin Bieber ဟာ အသက် ၃၆ နှစ်အရွယ် Kourtney Kardashian နဲ့ တွဲနေတာ ၄ လခန့်ရှိပြီလို့လည်း သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အခုတစ်ခေါက် Selena Gomez အတွက် ဓါတ်ပုံရိုက်ကွင်းကို တာဝန်ယူရိုက်ကူးပေးနေတဲ့ ဓါတ်ပုံဆရာကတော့ မကြာသေးခင်ကမှာ Kylie Jenner အတွက် အင်တာဗျူး ဓါတ်ပုံ ရိုက်ပေးခဲ့တဲ့ Steven Klein ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror