Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Star War : The Force Of Awakens ဇာတ်ကားအား ပွဲဦးထွက်ပြသ

Star War : The Force Of Awakens ဇာတ်ကားအား ပွဲဦးထွက်ပြသ

| No comment

Star War ရဲ့ ၇ကားမြောက် နောက်ဆုံးထွက်ဇာတ်ကား The Force Of Awakens ကို တနင်္လာနေ့ညက အမေရိကန်နိုင်ငံက ဟောလီးဝုဒ်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်၊

အခုတလောအရမ်းဟော့ဖြစ်နေတဲ့ Star War ဇာတ်ကားဟာနောက်ဆုံးတော့ ပရိတ်သတ်တွေရှေ့မှောက်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဇာတ်ကားကိုစောင့်မျှော်နေကြတဲ့ ပရိတ်သတ်တွေရဲ့ Post တွေနဲ့ သူတို့ရဲ့ထင်မြင်ချက်တွေကလည်းမနေ့ညက Twitter မှာလွှမ်းမိုးခဲ့တာဖြစ်ပါတယ်၊

ဒီပွဲကို Star War ရဲ့အဓိကမင်းသားကြီး Harrison Ford, မင်းသမီး Carrie Fisher နဲ့ မင်းသား Mark Hamill အပါအ၀င် တခြားဒီဇာတ်ကားမှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်အသစ်တွေလဲ စုံစုံညီညီတက်ရောက်ခဲ့တာဖြစ်ပါတယ်၊

Captain Phasma အဖြစ်သရုပ်ဆောင်ထားတဲ့ Gwendoline Christine ကမီးခိုးရောင်ဂါဝန်ရှည်နဲ့လှပခဲ့ပါတယ်၊

Rey အဖြစ်ပါဝင်ထားတဲ့ မင်းသမီးချောလေး Daisy Ridley ကလည်း နောက်ကျောဗြောင်အဖြူရောင်စကပ်လေးနဲ့ ချစ်စရာကောင်းခဲ့ပြန်ပါတယ်၊

အော်စကာဆုရှင်မင်းသမီးချော Lupita Nyong’o ကတော့သူ့ပုံစံနဲ့အလိုက်ဖက်ဆုံးဖြစ်နေတဲ့ စိန်ပွင့်လိုဂါဝန်ကိုဝတ်ဆင်ပွဲတက်ခဲ့တာပါ၊

ဒီနေ့ပွဲမှာ Star War ရဲ့ ပရိတ်သတ်အချစ်တော်စက်ရုပ်တွေဖြစ်တဲ့ C-3PO နဲ့ R2-D2 တို့ကလဲ အတူတကွတက်ရောက်ခဲ့ကြပါတယ်၊

လုံခြုံရေးအတွက်စိုးရိမ်ရတဲ့ သတင်းတွေကြောင့် ဒီနေ့ပွဲကို လုံခြုံရေးတွေတင်းကျပ်စွာနဲ့ ပြုလုပ်ခဲ့ပါတယ်၊

Harrison Ford နှင့်ဇနီး Calista Flockhart

ဒါရိုက်တာGeorge Lucas

Lupita Nyong'o

Gwendoline Christie

Daisy Ridley

Andy Serkis

C-3PO နှင့် R2-D2






(Blue Lion)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror