Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Star War ဇာတ်ကားသစ် ဒေါ်လာတစ်ဘီလျှံအမြန်ဆုံးရရှိသော ဇာတ်ကားဖြစ်လာမည်

Star War ဇာတ်ကားသစ် ဒေါ်လာတစ်ဘီလျှံအမြန်ဆုံးရရှိသော ဇာတ်ကားဖြစ်လာမည်

| No comment

Star War နောက်ဆုံးထွက်ဇာတ်ကား The Force of Awakens ကတော့ ဒီခရစ္စမတ်မှာ စံချိန်တစ်ခုကိုချိုးဖြတ်ဖို့တာစူနေပါပြီ၊ The Force of Awakens ဟာ Global Box Office မှာ ဒေါ်လာတစ်ဘီလျှံ (ယူရို 674သန်း) အမြန်ဆုံး ရရှိမယ့်ဇာတ်ကား အဖြစ်စံချိန်တင်တော့မှာဖြစ်ပါတယ်၊

ဒါရိုက်တာ JJ Abram ရိုက်ကူးတဲ့ ဒီဇာတ်ကားဟာ ဆယ့်နှစ်ရက်မြောက်နေ့အဖြစ်ပြလို့အပြီးမှာ အရင်စံချိန်ဟောင်းဖြစ်တဲ့ Jurassic World ရဲ့ ဇွန်လတုန်းက စံချိန်ကိုချိုးနိုင်တော့မှာဖြစ်ပါတယ်၊

ဒါပေမယ့် Jurassic World ကတော့ တရုတ်နိုင်ငံက အမြတ်ငွေတွေကို နောက်မှထည့်တွက်ခဲ့တာဖြစ်ပြီး The Force of Awakens ကတော့တစ်ကမ္ဘာလုံးက ငွေတွေကိုထည့်တွက်ထားတာဖြစ်ပါတယ်၊

Star Wars ဇာတ်ကားသစ်ဟာ ခရစ္စမတ်နေ့မှာ ၀င်ငွေအများဆုံးရရှိခဲ့တဲ့ ဇာတ်ကားအဖြစ်လည်း ဒေါ်လာ၄၉.၃သန်းနဲ့ သမိုင်းဝင်ခဲ့ပြီး ပြသပြီး ဒုတိယအပတ်မှာ အမေရိကန်မှာ ဒေါ်လာ၁၅၃.၅သန်းရရှိထားတာဖြစ်ပါတယ်။

Star Wars ဟာပြည်တွင်းမှာ ၀င်ငွေအကောင်းဆုံး ဇာတ်ကားများစာရင်းမှာလည်း နှစ်ဆယ့်နှစ်နေရာမှာချိတ်ခဲ့ပြီး Harry Potter and the Deathly Hallows: Part II, Finding Nemo,  Star Wars: Episode III - Revenge of the Sith တို့ကိုကျော်လွန်ခဲ့ပါတယ်၊


(Blue Lion)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

#celebrity.thithtoolwin.com

Ref : BBC