Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မြောက်အမေရိက မှာ ရုံဝင်ငွေ စံချိန်တင်ခဲ့တဲ့ 'Star Wars: The Force Awakens'

မြောက်အမေရိက မှာ ရုံဝင်ငွေ စံချိန်တင်ခဲ့တဲ့ 'Star Wars: The Force Awakens'

| No comment



'Star Wars: The Force Awakens' ဟာ Star Wars သိပံ္ပစိတ်ကူးယဉ်ဇာတ်လမ်းရဲ့ သတ္တမမြောက်ရုပ်ရှင်ဖြစ်ပြီး မြောက်အမေရိကားရဲ့ ရုံဝင်ငွေအများဆုံးအဖြစ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၃၈ ရရှိခဲ့ကြောင်း Rentrak က တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။

တစ်ကမ္ဘာလုံးအနေဖြင့် အမေရိကန်ဒေါ်လာ ၅၁၇ သန်း ၀င်ငွေရရှိခဲ့ပြီး နိုင်ငံတွင်းရုံဝင်ငွေဟာလည်း သမိုင်းတစ်လျှောက် အကြီးမားဆုံး စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စံချိန်တင်ဇာတ်ကားကတော့ အမေရိကန်နဲ့ ကနေဒါမှာ ဒေါ်လာ ၂၀၈.၈ သန်းနဲ့ တစ်ကမ္ဘာလုံး ရုံတင်ဝင်ငွေ ဒေါ်လာ ၅၂၄.၉ သန်းရရှိခဲ့တဲ့ “Jurassic World “ ဇာတ်ကားပဲ ဖြစ်ပါတယ်။

နံပါတ် ၂ ချိတ်နေတဲ့ ကားကတော့ ရုံတင်ဝင်ငွေ ဒေါ်လာ ၁၄.၄ သန်းနဲ့ Alvin and the Chipmunks: The Road Chip ၊ နံပါတ် ၃ က ရုံတင်ဝင်ငွေ ဒေါ်လာ ၁၃.၄ သန်းနဲ့ Sisters ၊ နံပါတ် ၄ က ရုံတင်ဝင်ငွေ ဒေါ်လာ ၅.၇ သန်းနဲ့ The Hunger Games: Mockingjay -- Part 2 ၊ နံပါတ် ၅ က ရုံတင်ဝင်ငွေ ဒေါ်လာ ၅.၁ သန်းနဲ့ Creed ဇာတ်ကားတို့ ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi