Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Steve Harvey ကို Miss Universe 2016 ပွဲမှာလည်း Host အဖြစ် လုပ်ကိုင်ပေးဖို့ ကမ်းလှမ်းထား

Steve Harvey ကို Miss Universe 2016 ပွဲမှာလည်း Host အဖြစ် လုပ်ကိုင်ပေးဖို့ ကမ်းလှမ်းထား

| No comment



ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ Miss Universe 2015 ပြိုင်ပွဲမှာ မယ်စကြာဝဋ္ဌာဆု ကို မှားယွင်းကြေညာခဲ့တဲ့ အစီအစဉ်တင်ဆက်သူ(Host) Steve Harvey ဟာ ဝေဖန်ခံရမှုများစွာ ရှိခဲ့ပေမယ့်လည်း ၂၀၁၆ ခုနှစ်မှာကျင်းပမယ့် Miss Universe 2016 ပြိုင်ပွဲအတွက် အစီအစဉ် တင်ဆက်သူ အဖြစ်ဆက်လက် ဆောင်ရွက်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

Miss Universe ပြိုင်ပွဲကို စီစဉ်ဆောင်ရွက်တဲ့ WME IMG အဖွဲ့ အစည်းရဲ့  Content အရာရှိချုပ် Mark Shapiro ဟာ အင်္ဂါနေ့ကပဲ Harvey ကိုနောက်ထပ်တစ်ကြိမ် အစီအစဉ်တင်ဆက်သူ အဖြစ် ဆောင်ရွက်ပေးဖို့ ထပ်မံ ကမ်းလှမ်းထားတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

Harvey ဟာ Miss Universe 2015 ပြိုင်ပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ရင်း မယ်စကြာဝဠာ အဖြစ် ရွေးချယ်ခံရသူကို Miss Columbia Ariadna Gutierrez လို့ ကြေညာလိုက်ပြီးတဲ့နောက်မှာမှာ သူမှားယွင်းကြေညာခဲ့တာ ဖြစ်ပြီး အမှန်တစ်ကယ် ရွေးချယ်ခံရသူမှာ Miss Philipines Pia Alonzo Wurtzbach ဖြစ်တယ်လို့ ပြောင်းလဲကြေညာခဲ့တာကြောင့် ပရိတ်သတ်တွေလည်း ပွဲဆူ လာခဲ့ပြီး Miss Columbia လည်း ဆောင်းထားပြီးသား သရဖူ ကို ပြန်ချွတ်ပေးလိုက်ရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse