Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Taylor Swift နဲ့ ချစ်သူဖြစ်သူ Calvin Harris တို့ နှင်းလူရုပ် အတူဖန်တီး

Taylor Swift နဲ့ ချစ်သူဖြစ်သူ Calvin Harris တို့ နှင်းလူရုပ် အတူဖန်တီး

| No comment



Taylor  Swift နဲ့ ချစ်သူဖြစ်သူ Calvin Harris တို့ ဗုဒ္ဓဟူးနေ့ကတည်းက ခရစ္စမတ်ပိတ်ရက်အတွက် အဆင်သင့်ဖြစ်နေကြပုံပါပဲ။

၂၆ နှစ်အရွယ် အမေရိကန်အဆိုတော်နဲ့ ၃၁ နှစ်အရွယ် စကော့ဒီဂျေတို့ဟာ Swift ရဲက ၂၃ နှစ်အရွယ် မောင်လေး သရုပ်ဆောင် Austin Swift နဲ့အတူ နှင်းလူဖန်တီထားပုံကို Instagram မှာ တင်ထားခဲ့ပါတယ်။

“ကိုယ့်ကိုကိုယ် အရမ်းဂုဏ်ယူမိတယ်” လို့ ခေါင်းစဉ်တပ်ထားပြီး  ၆ပေကျော်အမြင့်ရှိတဲ့ နှင်းလူရုပ်ပုံနဲ့ ဓါတ်ပုံ တင်ထားခဲ့တာဖြစ်ပါတယ်။

Swift နဲ့ Harris တို့ဟာ သူတို့နှစ်ဦးအတူရှိမယ့် ပထမဆုံး ခရစ္စမတ်မှာ မိသားစုဝင်တွေနဲ့လည်း အတူကုန်ဆုံးဖို့ စီစဉ်ထားပုံပါပဲ။ Swift က အဖေဖြစ်သူ Scott Swift တစ်ယောက် ခရစ္စမတ်သစ်ပင် ပြင်ဆင်နေတဲ့ပုံကိုလည်း တင်ထားခဲ့ပါသေးတယ်။

Harris ကလည်း ဇူလိုင်လတုန်းက  KIIS FM ရေဒီယိုအင်တာဗျူးမှာလည်း “တကယ် အံ့သြဖို့ကောင်းပါတယ်။ ကျွန်တော် သူနဲ့အတူတူရှိရတာ အရမ်းကိုပျော်ပါတယ်” လို့ သူနဲ့ Swift တို့ရဲ့ ဆက်ဆံရေးအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi