Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Taylor Swift တစ်ယောက် အကြားအာရုံချို့တဲ့သူ စူပါပရိတ်သတ်နဲ့ တွေ့ဆုံ

Taylor Swift တစ်ယောက် အကြားအာရုံချို့တဲ့သူ စူပါပရိတ်သတ်နဲ့ တွေ့ဆုံ

| No comment



Taylor Swift က Sydney, Australia ဂီတဖျော်ဖြေပွဲခရီးစဉ်အတွင်း အသက် ၁၂ အရွယ်၊ အကြားအာရုံချို့တဲ့နေတဲ့ ကလေးငယ်လေး Jorja Hope ရဲ့ အိပ်မက်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

အကြားအာရုံချို့ယွင်းနေတဲ့ Hope ရဲ့ အမွှာညီအစ်မဖြစ်သူ Chole က Facebook Campaign #HelpJorjaMeetTaylorSwiftSydney ဆိုတာလေး လုပ်ပြီးတဲ့နောက် Swift တစ်ယောက်

“ ဒီညမှာတော့ Jorja တစ်ယောက် Taylor နဲ့တွေ့ခွင့်ရခဲ့ပါပြီ! Chole မင်းလုပ်နိုင်ခဲ့ပြီ “ လို့ FB Page မှာ Chole က ပုံနဲ့တစ်ကွ စာရေးသားတင်ထားခဲ့ပါတယ်။ “ မင်း ညီမလေးကို တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပေးနိုင်ခဲ့ပြီ! Taylor က Jorja ကို အကြာကြီးဖက်ပေးခဲ့တယ် “ လို့လည်း ရေးထားပါသေးတယ်။

Jorja ကတော့ နာမည်ကျော် ပေါ့စတားကို “ အရမ်းအရမ်းကို အံ့သြဖို့ကောင်းပြီး အရမ်းလှပါတယ်။ ပြီးတော့ သူဒီလောက် အရပ်ရှည်မယ်လို့လည်း ထင်မထားဘူး” လို့ ပြန်ပြောပြပါသတဲ့။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi