Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Tom Cruise နဲ့ပတ်သက်ပြီး ဘာခံစားချက် မှ မရှိတော့ဘူးဆိုတဲ့ Nicole Kidman

Tom Cruise နဲ့ပတ်သက်ပြီး ဘာခံစားချက် မှ မရှိတော့ဘူးဆိုတဲ့ Nicole Kidman

| No comment



အော်စကာ ဆုရှင် Nicole Kidman ဟာ ဟောလီးဝုဒ်မင်းသား Tom Cruise နဲ့လက်ထပ်ခဲ့တဲ့ နှစ်တွေအတွက် ဘာခံစားချက်မှာ မရှိတော့ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းတွေက ဖော်ပြ ကြတာကတော့ Nicole Kidman ဟာ Tom Cruise နဲ့အတူ ရှိခဲ့တဲ့ အချိန်တွေကို သတိရလွမ်းဆွတ်နေတယ်ဆိုတဲ့ ကောလာဟလတွေပဲ ဖြစ်ပြီး Kidman ကတော့ သူမအနေနဲ့ သတိရနေခြင်းမရှိဘူးဆိုတာကို ထုတ်ဖော်ပြောကြားလာတာပါ။

Nicole Kidman နဲ့ Tom Cruise ဟာ ၂၀၀၁ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာပါ။ လက်ရှိမှာတော့ Nicole Kidman ဟာ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးမှုတွေကို ခဏနားထားခဲ့ပြီး လန်ဒန်မြို့မှာ "Photograph 51" ဆိုတဲ့ ပြဇာတ်ကို ကပြဖျော်ဖြေခဲ့ပါသေးတယ်။

သူမရဲ့ ဇာတ်ကောင်ဟာလည်း Evening Standard Theatre ဆုပေးပွဲမှာ အကောင်းဆုံးသရုပ်ဆောင်မင်းသမီး ဆုဖြစ်တဲ့ Natasha Richardson ဆုကို ရရှိခဲ့တယ်လို့ E! သတင်းဌာနက ဖော်ပြထားပါတယ်။ E! သတင်းဌာနနဲ့အင်တာဗျူးတဲ့အခါမှာတော့ သတင်းထောက်က "ပထမအိမ်ထောင်မှာသင်ကြားခဲ့ရတာတွေကို ဒုတိယအိမ်ထောင်မှာကွဲပြားစွာ လုပ်ဆောင်ခဲ့ပါသလား" ဆိုတဲ့မေးခွန်းကိုမေးတဲ့အခါမှာ Nicole Kidman က "သင်တစ်ခုခုမှာအခွင့်အရေးထပ်ရတာဟာ ကောင်းတယ်ဆိုပေမယ့် လူတွေရဲ့ ပေါင်းစည်းမှုတိုင်းဟာ ခြားနားပါတယ်။ ကျွန်မ Tom နဲ့လက်ထပ်တုန်းက ကျွန်မဟာ ကလေးလေးပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအဲဒါတွေကို သတိမရပါဘူး။ပြီးတော့ ကျွန်မခင်ပွန်း Keith ကိုလည်း လေးစားတဲ့အနေနဲ့ ဒါတွေကို မပြောချင်တော့ပါဘူး" လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

Nicole Kidman နဲ့ Tom Cruise တို့ဟာ ၁၉၉၀ခုနှစ်က "Days od Thunder" ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်း ရိုက်ကွင်းမှာ ဆုံခဲ့ကြတာပါ။ လက်ရှိမှာတော့ Nicole Kidman ဟာ Nashville မှာ ခင်ပွန်းဖြစ်သူ Keith Urban ၊ သမီးတွေဖြစ်တဲ့ အသက်၇ နှစ်အရွယ် Sunday နဲ့ အသက်၅ နှစ်အရွယ် Faith တို့နဲ့အတူ နေထိုင်နေပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse