ဟောလီးဝုဒ်မင်းသားကြီး Tom Cruise ဟာ အင်္ဂလန်နိုင်ငံ၊ West Sussex ကောင်တီက သူပိုင်ဆိုင်တဲ့ အိမ်ရာမြေကို ပေါင် ၄.၉၅ သန်းနဲ့ ရောင်းချဖို့  ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ခိုင်လုံတဲ့သတင်းရင်းမြစ်တွေအရ၊ ဒီအိမ်ကို ပေါင် ၅ သန်းနီးပါးနဲ့ ရောင်းချဖို့ ဈေးခေါ်ထားပြီး၊ အိပ်ခန်း ငါးခန်း၊ ခြောက်ခန်းကနေ ရေချိုးခန်း ရှစ်ခန်းအထိ ပါဝင်တယ်လို့  ဖော်ပြထားပါတယ်။
အဆိုပါအိမ်ကို Tom Cruise နဲ့ Katie Holmes တို့ က ၂၀၀၆ ခုနှစ်က လက်ရှိရောင်းချမယ့်ဈေးထက် တော်တော်နည်းတဲ့ဈေးနဲ့ ဝယ်ယူထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ Tom ဟာ ၁၄.၂ ဧကကျယ်တဲ့ အိမ်ခြံမြေကြီးတစ်ခုလုံးကို ရောင်းချတော့မယ့်ပုံပါပဲ။
Tom နဲ့ Katie Holmes တို့ ဟာ လွန်ခဲ့တဲ့ သုံးနှစ်က ကွာရှင်းခဲ့တာဖြစ်ပြီး Katie က သူမအနေနဲ့ နောင်တ လုံးဝမရဘူးလို့ ဆိုခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်ခြောက်နှစ်ကြာအတူလက်တွဲခဲ့ပြီးမှ ၂၀၁၂ ခုနှစ်မှ ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror