Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Twitterတွင်ပေါ်ပြူလာအဖြစ်ဆုံး Tweets များစာရင်း၌ One Direction အဖွဲ့စိုးမိုး

Twitterတွင်ပေါ်ပြူလာအဖြစ်ဆုံး Tweets များစာရင်း၌ One Direction အဖွဲ့စိုးမိုး

| No comment



ဗြိတိန်၏အကြီးမားဆုံး အမျိုးသားအဆိုတော်အဖွဲ့ ရဲ့အောင်မြင်မှုတွေကျဆင်းလာတဲ့ နိမိတ်မရှိသေးဘူးဆိုတာထပ်မံ သက်သေပြရင်း ထိပ်ဆုံး Tweets ဆယ်ခုစာရင်းမှာပါဝင်ခဲ့ပါတယ်၊

သူတို့မှာ အက်ကြောင်းတွေ ရှိခဲ့ပေမယ့် One Direction အဖွဲ့ဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံး အနုပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်နေဆဲဖြစ်ကြောင်း Twitter ရဲ့ပြန်လည်ဖော်ပြခံရမှုအများဆုံး Tweetsဆယ်ခု
စာရင်းမှာ ကောင်းကောင်းလက်ဝါးကြီးအုပ်ရင်း သက်သေပြခဲ့တာပါ၊

Twitterကထုတ်ပြန်ချက်တွေအရ အဖွဲ့ဝင်လေးယောက်လုံးရဲ့မက်ဆေ့ခ်ျတွေက ၁၀ခုစရင်းထဲပါခဲ့တဲ့ အပြင် အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Zayn Malik ပါပါဝင်ခဲ့တာပါ၊

နံပါတ်(၁၀) နေရာမှာတော့ KUWTK ဆိုတဲ့ ဖြစ်ရပ်မှန်အစီအစဉ်တင်ဆက်သူ တစ်ဦးဖြစ်တဲ့ caitlyn Jenner ရဲ့  Tweet ဖြစ်ပြီး ပြန်လည်ဖော်ပြသူ နှစ်သိန်းငါးသောင်းကျော်ခဲ့တာပါ၊


နံပါတ်(၉) မှာတော့ ကမ္ဘာကျော် Star Track သရုပ်ဆောင် Leonard Nimoyရဲ့ Tweet ကပြန်လည်မျှဝေသူ နှစ်သိန်းခုနှစ်သောင်းကျော်နဲ့ရပ်တည်ခဲ့ပါတယ်၊


နံပါတ်(၈) မှာတော့ One Direction အဖွဲ့ဝင် Niall Horan ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ Liam Payneကိုဆုတောင်းပေးခဲ့တဲ့ မွေးနေ့ဆုတောင်းစကားက ပထမဆုံးOne Direction ရဲ့ဖော်ပြခံရမှုဖြစ်ခဲ့ပြီး ပြန်လည်မျှဝေသူ သုံးသိန်းနှစ်သောင်းကျော်ခဲ့ပါတယ်၊


နံပါတ်(၇) မှာတော့ Rap အဆိုတော် Kanye West ကရပ်တည်ခဲ့ပြီး ပြန်လည်မျှဝေသူ ၃၁၀၇၅၅ ရှိခဲ့ပါတယ်၊


နံပါတ်(၆) မှာကတော့ ဆော်ဒီအာရေးဗျ ဘုရင် King Salman ရဲ့ဆုတောင်းမှုတွေရပ်တည်ခဲ့ပြီး ပြန်လည်ဖော်ပြသူ သုံးသိန်းခြောက်သောင်းကျော်ခဲ့ပါတယ်၊


နံပါတ်(၅) ကတော့ One Direction အဖွဲ့ဝင် Louis Tomlinson ရဲ့Tweetကရပ်တည်ခဲ့ပြီး ပြန်လည်ဖော်ပြမှု လေးသိန်းတစ်သောင်းကျော်ရှိခဲ့ပါတယ်၊


နံပါတ်(၄) ကတော့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား ရဲ့Tweet ကပြန်လည်ဖော်ပြသူ လေးသိန်းလေးသောင်းနဲ့ရပ်တည်ခဲ့တာပါ၊


နံပါတ်(၃) မှာ One Direction အဖွဲ့ဝင် Liam Payne ရဲ့ သူတို့အဖွဲ့ ငါးနှစ်ပြည့်မြှောက်ခဲ့ကြောင်းဖော်ပြမှုနဲ့အတူ ပြန်လည်ဖော်ပြသူ လေးသိန်းကိုးသောင်းနဲ့ပါဝင်ခဲ့ပြန်ပါတယ်၊


နံပါတ်(၂) မှာလည်း One Direction အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ Zayn Malik ရဲ့ သူထွက်ခွာခဲ့ချိန်မှာ အဖွဲ့ဝင်သူငယ်ချင်းတွေနဲ့လက်တွဲလုပ်ရတာဂုဏ်ယူပြီး ထွက်ခွာခဲ့ခြင်းကိုဝမ်းနည်းကြောင်းဖော်ပြမှုက ငါးသိန်းခြောက်သောင်းကျော်နဲ့ ရပ်တည်ခဲ့ပါတယ်၊


နံပါတ်(၁)မှာလည်းပဲ One Direction အဖွဲ့ဝင် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တစ်ဦးဖြစ်တဲ့ Harry Styles ရဲ့ အချစ်အားလုံးဟာအမြဲရှိနေတယ် လို့အဓိပ္ပာယ်ရတဲ့ Tweet နဲ့အတူ ပြန်လည်ဖော်ပြမှု ခုနှစ်သိန်းသုံးသောင်းနဲ့ ယခုနှစ်အတွင်း ပြန်လည်ဖော်ပြမှုအများဆုံးအဖြစ်ရပ်တည်ခဲ့ပါတယ်၊
(Blue Lion)
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Mirror