Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အိုင်ယာလန်က အိမ်ယာမဲ့တွေအတွက် U2 အဖွဲ့ခေါင်းဆောင် Bono အလှုခံထွက်

အိုင်ယာလန်က အိမ်ယာမဲ့တွေအတွက် U2 အဖွဲ့ခေါင်းဆောင် Bono အလှုခံထွက်

| No comment



မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အကြောင်းတွေကို သီချင်းရေးစပ် သီဆို ဂုဏ်ပြုခဲ့ဖူးတဲ့ U2 အဖွဲ့က အဆိုတော် Bono တစ်ယောက် အိုင်ယာလန်နိုင်ငံ ၊ ဒူဘလင် မြို့ က လမ်းတွေပေါ်မှာ အလှုခံနေတာ တွေ့ တဲ့အခါ ပရိတ်သတ်တွေက U2 အဖွဲ့မှာ ငွေရေးကြေးရေး အခက်အခဲများရှိနေမလားလို့ ထင်မိမှာပါ။

မဟုတ်ပါဘူး။တစ်ကယ်ကတော့ Bono ဟာ ဒူဘလင်မြို့ ရဲ့ ရိုးရာအလေ့အထ တစ်ခုကို ဆင်နွှဲခဲ့တာပဲဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံက အိမ်ယာမဲ့ လူတန်းစားတွေအတွက်ရန်ပုံငွေရှာဖွေပေးတဲ့ The Simon Community အဖွဲ့အစည်းအတွက် ခရစ်စမတ်ကာလမှာ အလှုခံပေးခဲ့တာပါ။

Bono နဲ့အတူ အိုင်ယာလန် အဆိုတော်တွေဖြစ်တဲ့ Hozier နဲ့ Glen Hansard တို့လည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

သူတို့ ဟာ ဒူဘလင်မြို့  ရဲ့  လူစည်ကားတဲ့ Grafton လမ်းပေါ်မှာ အလှုခံရင်း U2 ရဲ့  "Every Breaking Wave" နဲ့ "When Love Comes to Town" သီချင်းတို့ကို သူတို့ဗားရှင်းနဲ့ ပြန်လည်သီဆိုဖျော်ဖြေခဲ့ပြီး Hozier ရဲ့  "Take Me to Church" ဆိုတဲ့ သီချင်းကိုလည်း သီဆိုခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse