Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကမ်းခြေမှာ အပန်းဖြေ ခဲ့ကြတဲ့ Victoria's Secret မော်ဒယ်လ် အလန်းတွေ

ကမ်းခြေမှာ အပန်းဖြေ ခဲ့ကြတဲ့ Victoria's Secret မော်ဒယ်လ် အလန်းတွေ

| No comment



ကမ္ဘာကျော် အလှကုန် ထုတ်လုပ်ရေး အမှတ်တံဆိပ်ဖြစ်တဲ့ Victoria's Secret ရဲ့  မော်ဒယ်လ်တွေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ပြင်သစ်ဘာသာစကား ပြောပြီး မြေထဲပင်လယ်ကျွန်းတစ်ကျွန်း ဖြစ်တဲ့ St.Bart's ကျွန်းမှာ ရေကူးဝတ်စုံ ဘစ်ကနီ တွေနဲ့ ရေသေနတ် ဆော့ကစားနေတဲ့ ဓါတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

Victoria's Secret ရဲ့  နာမည်ကျော် မော်ဒယ်လ် တွေဖြစ်တဲ့ Behati Prinsloo ၊ Martha Hunt ၊ Sara Sampaio နဲ့ Taylor Hill တို့ ၄ ယောက်ဟာ ကမ်းခြေမှာ အပန်းဖြေ ရင်း အပျော်တမ်း ဂိမ်းတွေလည်း ကစားခဲ့ကြပါတယ်။ သူတို့ကစားခဲ့တဲ့ ကစားနည်း နာမည်ကတော့ "လှပကြစို့ ၊ ပြီးတော့ အဲဒီအတွက် ပိုက်ဆံ ရယူကြစို့" လို့ ခေါ်ပါတယ်။

ဒါ့အပြင် ထို မော်ဒယ်လ် ၄ ယောက်ဟာ ကမ်းခြေမှာ နပမ်း သတ်တဲ့ ကစားနည်းကိုလည်း ဆော့ကစားခဲ့ကြတယ်လို့ သိရပါတယ်။


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ