Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဗြိတိန်မှာ လမ်းပြောင်းပြန် စက်ဘီးစီး ခဲ့တဲ့ မင်းသားကြီး Arnold

ဗြိတိန်မှာ လမ်းပြောင်းပြန် စက်ဘီးစီး ခဲ့တဲ့ မင်းသားကြီး Arnold

| No comment



ကမ္ဘာကျော် Terminator ဇာတ်လမ်းရဲ့  ကြယ်ပွင့် Arnold Schwarzenegger ဟာ ဗြိတိန်နိုင်ငံကို အလည်အပတ် သွားရောက်နေစဉ်အတွင်းမှာ လမ်းပြောင်းပြန် စက်ဘီး စီးနင်းနေခဲ့တာကိုတွေ့ ရပါတယ်။

သူဟာ ၀န်ထမ်းတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို Edinburgh မြို့ လယ်ခေါင်မှာ စက်ဘီးစီးနင်းပြရင်း အံ့အားသင့်စေခဲ့သလို ပရိတ်သတ်တွေနဲ့ ဓါတ်ပုံအတူ တွဲရိုက်ခဲ့ပါသေးတယ်။ Waldorf Astoria ဟိုတယ် က ထွက်ခွာလာပြီးတဲ့နောက် အသက် ၆၈ နှစ်အရွယ် မင်းသားကြီး Arnold ဟာ Edinburgh ရဲတိုက် ပတ်ဝန်းကျင်ကို လေ့လာရေး ထွက်လာခဲ့ပြီး ဆယ်လ်ဖီ ဓါတ်ပုံတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။

Arnold ဟာ မြို့ တော်ရဲ့  လိုသီယမ် လမ်းမပေါ်မှာ ယာဉ်ကြောပိတ်ဆို့နေမှုကို ကျော်ဖြတ်ဖို့အတွက် လမ်းပြောင်းပြန် စက်ဘီးနင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကိုတွေ့လိုက်တဲ့ သူ့ ပရိတ်သတ်တစ်ယောက်က "သူဟာ ဟိုတယ်က ထွက်လာပြီး စက်ဘီးစီးခဲ့ပါတယ်။ ပြီးတော့ သူဟာ လမ်းပြောင်းပြန် စက်ဘီးနင်းနေခဲ့တာပါ။ အဲဒါဟာ အရမ်းကို အန္တရာယ်များပါတယ်။ သူ့တည့်တည့်ကို လာနေတဲ့ ယာဉ်ကြောက ၂ ခုရှိနေပါတယ်။ သူဟာ ဦးထုပ်လည်း မဆောင်းထားပါဘူး။" လို့ ပြောပြခဲ့ပါတယ်။

Arnolod ကတော့ လူမှုမီဒီယာတွေမှာ သူ့ရဲ့ စွန့်စားခန်း စက်ဘီးစီး ဓါတ်ပုံတွေကို "ငါ့ရဲ့   Edinburgh မြို့ မှာ ပထမဆုံးစက်ဘီးစီးခြင်း ၊ သိပ်လှတဲ့ မြို့ တစ်မြို့ ပါပဲ" လို့ ခေါင်းစဉ်တပ်ပြီး တင်ထားခဲ့တာကိုတွေ့ရမှာပါ။ Arnold ဟာ ကမ္ဘာကြီးပူနွေးလာမှု နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုမှာ ကိုယ်စားလှယ်အဖြစ်ရောက်ရှိလာခဲ့ပေမယ့် Edinburgh လေဆိပ်ကိုလာခဲ့စဉ်က လေထုညစ်ညမ်းမှု အလွန်ဖြစ်ပေါ်စေနိုင်တဲ့ Private Jet ကို စီးနင်းလာခဲ့တာကြောင့် ဝေဖန်ခံခဲ့ရသလိုပဲ အခုလည်း လမ်းပြောင်းပြန် စက်ဘီးစီးနင်းမိတဲ့အတွက် ထပ်မံ ဝေဖန်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror