Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ခန့်မှန်းထားတဲ့ အချိန်ထက်နောက်ကျပြီးမှ ထွက်ရှိနိုင်မယ့် " Avatar 2 " ဇာတ်ကား

ခန့်မှန်းထားတဲ့ အချိန်ထက်နောက်ကျပြီးမှ ထွက်ရှိနိုင်မယ့် " Avatar 2 " ဇာတ်ကား

| No comment


ဒါရိုက်တာ James Cameron ရဲ့ " Avatar 2 " ဇာတ်ကားကတော့ ထင်ထားတာထက်နောက်ကျပြီးမှာ ထွက်ရှိနိုင်တော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၇ ခုနှစ် ခရစ္စမတ်ကာလမှာထွက်ရှိနိုင်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့်လည်း ရိုက်ကူးမှုအခက်အခဲတစ်ချို့ရှိနေတာကြောင့် အခုလို အချိန်ရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ။ ထုတ်လုပ်ရေးအဖွဲ့ကတော့ အများပြည်သူအားလပ်ရက်ဖြစ်တဲ့ ခရစ္စမတ်ကာလမျိုးမှာ ထွက်ရှိနိုင်ပြီး ဝင်ငွေပိုမိုရှာဖွေနိုင်ဖို့ မျှော်လင့်ခဲ့တယ်လို့ ဒါရိုက်တာက ပြောပါတယ်။

အခုဆိုရင်တော့ ဒီဇာတ်ကားပြသမယ့်ရက်ကိုတော့ ဘယ်နေ့မှာဖြစ်နိုင်မယ်လို့တော့ သေချာမကြေညာထားသေးပါဘူး။ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ 20th Century Fox ကလည်း ဒီဇာတ်ကားရဲ့ ထွက်ရှိမယ့်နေ့ကို တရားဝင်ထုတ်ပြန်မှုမျိုးတစ်ခါမှ မရှိသေးတာကြောင့် ဒီသတင်းတွေကို ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒီလိုရိုက်ကူးမှု ကြန့်ကြာနေရတာကတော့ ဇာတ်ကားအတွက် အသံစနစ်ပြုလုပ်ဖို့ တည်ဆောက်နေရတာနဲ့ ကွန်ပျူတာ animation အဆင့်တွေကလည်း အစပိုင်းအဆင့်မှာသာရှိသေးလို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဇာတ်ကားထုတ်လွှင့်မယ့်ရက်အပြင် ရိုက်ကူးမှုရက်တွေကိုတောင် သေချာမချိန်ညှိနိုင်သေးတာပါ။

သူတို့နဲ့ ဝင်ငွေပြိုင်ဘက်ဖြစ်လာနိုင်တဲ့ Star Wars Episode VIII ဟာဆိုရင်လည်း ၂၀၁၇ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထွက်ရှိမယ်လို့ ကြေညာထားတာကြောင့် အခုလို နောက်ဆုတ်လိုက်တာဖြစ်နိုင်တယ်လို့လည်း သတင်းတွေက ခန့်မှန်းနေကြပါတယ်။ ဒါရိုက်တာ
James Cameron ကတော့ Avatar ဇာတ်လမ်းသစ်ဟာ ပန်ဒိုရာဂြိုဟ်ပေါ်မှာလည်းဖြစ်နိုင်သလို ရေအောက်ကိုလည်း ရောက်သွားနိုင်တယ်လို့ ပြောကြားထားပါတယ်။



( Paing A K )



#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz