Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဒီနှစ်အတွင်း ကြည့်ကြရမယ့် ရုပ်ရှင်ကားအလန်းစားများ

ဒီနှစ်အတွင်း ကြည့်ကြရမယ့် ရုပ်ရှင်ကားအလန်းစားများ

| No comment


အားလုံး ရုပ်ရှင်ကြည့်ဖို့ဆို စိတ်အားထက်သန်တတ်ကြမှာပါ၊ ဒီတော့ ဒီနှစ်အတွင်း ဘယ်အချိန် ဘယ်လအတွင်း ဘာကားတင်မယ်ဆိုတာ ကြိုသိထားရင်တော့ ကြည့်ဖို့အတွက်ကြိုရင်ခုန်ထားလို့ရတာပေါ့၊ မနှစ်ကဒီလိုအချိန် မှာ Avengers, Star War, စတဲ့ကားကောင်းတွေကြည့်ဖို့ရင်ခုန်ခဲ့ရသလို ဒီနှစ်မှာလည်း ဟောလီးဝုဒ်ဇာတ်ကား အမိုက်စားတွေက သင့်ကိုစောင့်ကြည့်ဖို့ ကြိုနေပြန်ပါပြီ၊ ဒါပေမယ့် အခုဇာတ်ကား တွေထဲမှာ Marvel Hero တွေစိုးမိုးနေတာကိုတွေ့ရမှာဖြစ်ပြီး အရင်နှစ်ကလိုပဲ သူရဲကောင်းနှစ်ဖြစ်လာမှာပါ။ အခု ဇာတ်ကားစာရင်းကိုကြည့်ကြည့်ကြရင်း ရင်ခုန်ကြရအောင်၊

January
၈)ရက်: The Hateful Eight
၂၉)ရက်: Kung Fu Panda(3)


Kung Fu Panda(3) ရဲ့Trailer ကတော့ စောင့်စားနေတဲ့သူတွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ဒီကားမှာ ပို နဲ့ သူ့မိသားစုတွေပြန်လည်ဆုံစည်းတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်ဘာဖြစ်ဦးမလဲဆိုတာကတော့ ဇာတ်ကားထွက်မှ သိရမှာပါ၊ အရင် Kung Fu Panda (1) နဲ့ (2) မှာအသံသရုပ်ဆောင်ခဲ့တဲ့ Jack Black, Angelina Jolie, Jackie Chan တို့ကပဲ ပြန်လည်ပါဝင်သရုပ်ဆောင်ဦးမှာဖြစ်ပါတယ်။

February
၁၂)ရက်: Deadpool


Marvel Hero နောက်တစ်ယောက်ကိုတော့ ဒီဖေဖော်ဝါရီလထဲမှာ ထပ်မံမြင်တွေ့ရဖို့ရှိနေပါတယ်၊ ဓာတ်ခွဲခန်းကဖြစ်ပေါ်လာတဲ့ ဒီဟီးရိုးကတော့ လူငယ်ဆန်ဆန်တီးလုံးတွေပြကွက် အသစ်အဆန်းတွေနဲ့ဖမ်းစားထားပြန်ပါတယ်။

March
၁၈)ရက်: Midnight Special
၂၅)ရက်: Batman v Superman: Dawn Of Justice

Batman v Superman ကတော့ သိသိသာသာပဲ မတ်လရဲ့အမြင်ကိုဖမ်းစားနေပါတယ်၊

April
၁၅ရက်: The Jungle Book
၂၂ရက်: The Huntsman Winter War

အရွယ်ရောက်လာတဲ့လူတိုင်း Jungle Book ဇာတ်လမ်းကိုတော့သိကြမယ်ထင်ပါတယ်၊ ငယ်ငယ်ကကြည့်ခဲ့တဲ့ ကာတွန်းကားလေးဟာ အခုဆိုရုပ်ရှင်ဇာတ်ကားအဖြစ်လာတော့မှာဖြစ်ပါတယ်။ Scarlett Johansson, Lupita Nyongo, Bill Murray, Idris Elba, Christopher Walken, Ben Kingsley တို့လို နာမည်ကြီး ဟောလီးဝုဒ်သရုပ်ဆောင် တွေတော်တော်များများလည်း အသံနဲ့သရုပ်ဆောင်ထားကြပါတယ်။

May
၆)ရက်:   Captain America: Civil War
၂၀)ရက်: Angry Birds
၂၇)ရက်: Alice Through The Looking Glass
၂၇)ရက်: X-Men: Apocalypse


မေလကတော့ ကျွန်တော်တို့ကို မြောက်များစွာသော ဇာတ်ကားတွေနဲ့ အတူဖမ်းစားမယ့် လတစ်လဖြစ်ပါတယ်။ အားလုံးအချစ်တော့ Angry Birds ဂိမ်းကိုကာတွန်းကားအဖြစ်ဖန်တီးမယ့် Angry Birds ကတော့ Trailerရဲ့ပုံစံအရဆို ဇာတ်လမ်းက နည်းနည်းစိတ်ပျက်စရာ ကောင်းသလို၊ X-Men: Apocalypse ကလည်းအတူတူနီးပါးပါပဲ။ ဒါပေမယ့် Captain America: Civil War ကတော့တော်တော်လေးကို အမြင်အာရုံကိုဖမ်းစားမယ့် ကားတစ်ကားဖြစ်ပါတယ်။ အရမ်းမိုက်တဲ့ ဇာတ်ဝင်ခန်းတွေလည်းပါဝင်လို့ပါ၊ Spider Man ကလည်းနောက်ဆုံး မာဗယ်လ်ဟီးရိုးတွေနဲ့လာရောက် ပူးပေါင်းမယ့်အခန်းတွေ တွေ့ရမှာပါ။

June
၃)ရက်: Teenage Mutant Ninja Turtles 2
၁၀)ရက်: Warcraft
၁၀)ရက်: The Conjuring 2: The Enfield Poltergeist
၁၀)ရက်: Now You See Me: The Second Act
၁၇)ရက်: Finding Dory
၂၄)ရက်: Independence Day: Resurgence


ဒီတစ်လကလည်း ပရိတ်သတ်ကြိုက်ကားတွေနဲ့ ဖမ်းစားဦးမယ့်လပါ၊ Now You See Me 2 ကအလျှင်အမြန်ပဲဆက်ထွက်လာသလို။ စောင်နေရတာကြာပြီဖြစ်တဲ့ Conjuring2, လိပ်နင်ဂျာကားသစ် Teenage Mutant Ninja Turtles 2 တို့လိုဇာတ်ကားကောင်းကောင်းတွေပါဝင်နေတာပါ၊ Now You See Me 2 က Harry Potter မင်းသား Daniel Radcliffe ပါဝင်လာပြီး ဘယ်လိုမျက်လှည့်တွေပြသမလဲ ဆိုတာစောင့်ကြည့်ရမှာဖြစ်သလို Conjuring 2 ကလည်းဘယ်လိုခြောက်ခြားဖို့ကောင်းဦးမလဲ ဆိုတာကြိုတင်ရင်ခုန်ကြရအောင်။

July
၁)ရက်:   The BFG
၁)ရက်:   Tarzan
၂၂)ရက်:  Star Trek Beyond
၂၂)ရက်:  Ice Age: Collision Course
၂၂)ရက်:  Knights of the Roundtable: King Arthur
၂၉)ရက်:  The Bourne [Untitle]


Ice Age ဇာတ်ကားသစ်၊ Star Trek ဇာတ်ကားသစ်၊ Bourne ဇာတ်ကားသစ်၊ Tarzan ဇာတ်ကားတွေနဲ့ ဇူလိုင်လမှာလည်း ကြည့်စရာတွေတစ်ပုံတစ်ပင်ပါပဲ၊ အားလုံးလဲ သိပြီးသားကားတွေမို့လို့ထွေထွေထူးထူးမပြောတော့ပါဘူး။  စောင့်ကြည့်ကြဖို့ပဲပြောပါရစေ။

August
၅)ရက်  : Suicide Squad
၁၂)ရက်: Pete's Dragon


Suicide Squad ဇာတ်ကားက သြဂုတ်လမှာရုံတင်မှာပါ၊ Dirty Dozen ကိုအခြေခံပြီးရိုက်ထားတဲ့ စူပါဟီးရိုး ဇာတ်ကားပါ၊ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ စောင့်မျှော်နေပါဦး၊

October
၇)ရက်  : Gambit
၁၄)ရက်: Inferno
၂၁)ရက်: Jack Reacher: Never Go Back
၂၁)ရက်: Underworld 5


X-Men Origin: Wolverine မှာ အရမ်းမြန်တဲ့လူသားတစ်ယောက်အဖြစ် ပြကွက်တွေနဲ့ ပရိတ်သတ်တွေကိုဖမ်းစားခဲ့တဲ့ Gambit ကိုမှတ်မိသေးရဲ့လား၊ သူကအခုတော့ သူ့ဇာတ်ကားထွက်လာပါပြီ၊ ဒီတစ်ခါတော့ အရင် X-Men မှာသရုပ်ဆောင်ခဲ့တဲ့ Taylor Kitsch ပါဝင်မှာမဟုတ်ပဲ Channing Tatum ကသရုပ်ဆောင်ထားပါတယ်၊ Marvel Hero ဇာတ်ကားတစ်မျိုးပါပဲ။

November
၎)ရက်   : Doctor Strange
၁၈)ရက် : Fantastic Beasts and Where to Find Them


Marvel တွေစိုးမိုးတဲ့ဆယ်စုနှစ်လို့ဆိုရမလိုပါပဲ အခုလည်း Marvel Hero နောက်တစ်ယောက်၊ Doctor Strange ကိုနိုဝင်ဘာလမှာပြသမှာဖြစ်ပါတယ်၊ ကာတွန်းကားမှာကတည်းက ပရိတ်သတ်တွေအရမ်းအကြိုက်တွေ့ခဲ့ကြလို့ အမြန်ထွက်စေချင်ခဲ့ပေမယ့် အခုမှထွက်လာတဲ့ကားတစ်ကားပါ။ တခြားနောက်ပေါက် Marvel Hero တွေလိုမဟုတ်ပဲ Iron Man, Thor, Captain America တို့လိုတန်းမျိုး Hero တစ်ယောက်ပါ။ Doctor Strange နေရာမှာတော့ Sherlock ဇာတ်လမ်းတွဲတွေမှာ Sherlock Holmes အဖြစ်အသုံးတော်ခံ ပရိတ်သတ်ကိုဖမ်းစားခဲ့တဲ့ benedict cumberbatch ကသရုပ်ဆောင်ထားပါတယ်။

(Blue Lion)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: New York Times, Washinton Post, Gadgets360