Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တစ်ကိုယ်တော် သီချင်းတစ်ပုဒ်ထွက်ရှိမယ့် ဇေန်မာလိခ်

တစ်ကိုယ်တော် သီချင်းတစ်ပုဒ်ထွက်ရှိမယ့် ဇေန်မာလိခ်

| No comment


One Direction အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ အဆိုတော် Zayn Malik (ဇေန်မာလိခ်) ကတော့ အဖွဲ့နဲ့ လမ်းခွဲပြီးတဲ့နောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော် ပထမဆုံး single တစ်ပုဒ်ကို ဖြန့်ချိမယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ "Pillowtalk" လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့ ( သောကြာနေ့)မှာ တရားဝင် ထုတ်လွှင့်သွားမှာပါ။ သူ့ရဲ့သီချင်း ကာဗာအဖြစ်တော့ အပေါ်ပိုင်းဗလာနဲ့ ပုံကို ပြသထားပြီး အွန်လိုင်းကနေတစ်ဆင့် အောင်မြင်မှုတွေ ရယူနိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။

ဒီသီချင်းမှာတော့ ကြမ်းတမ်းညစ်ညမ်းတဲ့ လိင်ပိုင်းဆိုင်ရာအကြောင်းတွေကို သီဆိုထားတာဖြစ်ပြီး " ကျွန်တော် အဖြူအမည်း ဓာတ်ပုံထဲမှာ ဆွဲဆောင်မှုအားကောင်းနေပါတယ်။ သီချင်းကလည်း ဒီလိုပါပဲ " လို့ ဇေန်မာလိခ် က ပြောခဲ့ပါတယ်။


" လူတိုင်းမှာ လိင်ကိစ္စဆိုတာရှိကြတယ်။ ဒါက လူတွေ နားထောင်ချင်တဲ့ အကြောင်းအရာတစ်ခုခုဖြစ်ပါလိမ့်မယ်။ ဒီကိစ္စဟာလူတွေရဲ့ ဘဝမှာ အနည်းငယ်အရေးပါသလို ၊ အချို့လူတွေရဲ့ ဘဝမှာ အများကြီးလည်း အရေးပါနိုင်ပါတယ်။ သင်လည်း ဒီကိစ္စကိုတော့ ကော်ဇောအောက်မှာ သိမ်းထားမယ် မထင်ပါဘူး။ ဒါကပြောစရာ ကိစ္စတစ်ခုပါပဲ " လို့ ဇေန်မာလိခ်က ရှင်းပြပါတယ်။


( Paing A K )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz