Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , လူးဝစ်စ်တွမ်မ်လင်ဆန်က သူရဲ့ သားဖြစ်သူနဲ့ ပထမဆုံးဓာတ်ပုံကို မျှဝေခဲ့

လူးဝစ်စ်တွမ်မ်လင်ဆန်က သူရဲ့ သားဖြစ်သူနဲ့ ပထမဆုံးဓာတ်ပုံကို မျှဝေခဲ့

| No comment

One Direction အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Louis Tomlinson (လူးဝစ်တွမ်မ်လင်ဆန်) ဟာဆိုရင်တော့ ပြီးခဲ့တဲ့အပတ်က မွေးဖွားခဲ့တဲ့ သူ့ရဲ့ သားပုံကို ပထမဆုံးမျှဝေခဲ့ပြီး ကလေးရဲ့ နာမည်ကိုပါ တစ်ခါတည်းပြောပြခဲ့ပါတယ်။ သူဟာဆိုရင်တော့ သားဖြစ်သူကို ရင်ခွင်ပိုက်စောင့်ရှောက်နေတဲ့ အဖြူအမည်းဓ ဓာတ်ပုံကို Instagram စာမျက်နှာမှာ ဝေမျှခဲ့ပြီး “ ကျွန်တော်အသေးစားလေး ဖရက်ဒီ (Freddie) ” လို့ ရေးသားထားခဲ့ပါတယ်။

လူးဝစ်ရဲ့ မိခင်ဖြစ်သူကလည်း ဒီပုံကို ပြန်လည်မျှဝေခဲ့ပြီးတော့
“ ကျွန်မရဲ့ ကောင်လေးနဲ့ ကောင်လေးရဲ့ ကောင်လေး ” လို့ ရေးသားထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီကလေးကိုတော့ လူးဝစ်ဟာ ဘရီယာနာဂျန်းဂွက်သ်နဲ့ ရရှိခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့ ပရိသတ်တွေကလည်း ဒီကလေးကို ဝမ်းပန်းတသာနဲ့ ကြိုဆိုခဲ့ကြပါတယ်။



ကလေးရဲ့ နာမည်အရင်းကိုတော့ အခုလောလောဆယ်မှာ " Freddie Tommo " လို့ မှည့်ထားခဲ့ပါတယ်။

အခုအချိန်မှာတော့ လူးဝစ်စ်ဟာ ကလေးအဖေဖြစ်ရတာကို ဂုဏ်ယူလျက်ရှိနေပြီး  ကျန်တဲ့ One Direction အဖွဲ့သားတွေကလည်း ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ကြပါတယ်။ သူ့ရဲ့ ရည်းစားဟောင်းကိုတော့ ဒီကလေးကို စောင့်ရှောက်နိုင်ဖို့အတွက် လူးဝစ်စ်ကတစ်လကို ပေါင်တစ်သောင်း ထောက်ပံ့သွားမှာဖြစ်ပြီးတော့ လူးဝစ်စ်ဟာဆိုရင် မမျှော်လင့်ဘဲ ကလေးအဖေဖြစ်ခဲ့ရသူဖြစ်တယ်လို့လည်း သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror