Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ဆုံပြီး ရာသီဥတု ပြောင်းလဲမှု အကြောင်းတွေပြောခဲ့တဲ့ လီယိုနာဒို

ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ဆုံပြီး ရာသီဥတု ပြောင်းလဲမှု အကြောင်းတွေပြောခဲ့တဲ့ လီယိုနာဒို

| No comment



အော်စကာဆုအတွက် ရေပန်းစားနေတဲ့ ဟောလီးဝုဒ်မင်းသား လီယိုနာဒို ဒီကာပရီယို ဟာ ပုပ်ရဟန်းမင်းကြီးနဲ့ ကြာသပတေးနေ့က သီးသန့်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၁ နှစ်ရှိနေပြီဖြစ်တဲ့ မင်းသား လီယိုနာဒိုဟာ ရိုမန်ကက်သလစ် ရဲ့ အာဏာပိုင် ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ဗာတီကန် အီတလီနိုင်ငံ ၊ ရောမမြို့ တော်မှာ အခြေခံထားတဲ့ ဗာတီကန် မြို့ တော်ကို သွားရောက်ပြီး ၁၅ မိနစ်ခန့်တွေ့ဆုံကာ ရာသီဥတု ပြောင်းလဲမှုတွေအကြောင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တွေ့ဆုံပြီးတဲ့အခါမှာလည်း လီယိုနာဒို ဟာ ပုပ်ရဟန်းမင်းကြီးကို ဟော်လန် ပန်းချီစရာ Hieronymus Bosch ရဲ့  ပန်းချီလက်ရာတွေပါဝင်တဲ့ စာအုပ်တစ်အုပ်ကို လက်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီနောက်မှာတော့ လီယိုနာဒိုဟာ ပုပ်ရဟန်းမင်းကြီးရဲ့  လက်စွပ် ကို နမ်းရှုံ့ ပြီး နှုတ်ဆက်ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။

ရာသီဥတု ပြောင်းလဲမှုဟာ လီယိုနာဒို အတွက် အလေးထားစရာ ကိစ္စရပ်တစ်ခုဖြစ်နေပြီး သူ့ရဲ့  ကိုယ်ပိုင်ဖောင်ဒေးရှင်း ကနေ ဒေါ်လာ ၁၅ သန်းကို ကမ္ဘာတစ်ဝှမ်းက စီမံကိန်းတွေအတွက် လှုဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။လီယိုနာဒိုဟာ လီယိုနာဒို ဒီကာပရီယို ဖောင်ဒေးရှင်း(LDF) ကို ကမ္ဘာကြီးရဲ့  နောက်ဆုံးလက်ကျန် မြေလွတ်မြေရိုင်းတွေကို ကာကွယ်ဖို့အတွက် ၁၉၉၈ ခုနှစ်မှာ စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror