Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကားတိုက်ခံရတဲ့ အဖွားအိုတစ်ဦးကို ကူညီပေးခဲ့တဲ့ ဂျက်စတင်ဘီဘာ

ကားတိုက်ခံရတဲ့ အဖွားအိုတစ်ဦးကို ကူညီပေးခဲ့တဲ့ ဂျက်စတင်ဘီဘာ

| No comment



ပေါ့ပ်အဆိုတော်လေး ဂျက်စတင်ဘီဘာဟာ အသက်ကြီးနေပြီဖြစ်တဲ့အမျိုးသမီးတစ်ဦးကို ကူညီခဲ့တာကြောင့် ကလပ်မှာ ဖျော်ဖြေဖို့အတွက် နောက်ကျခဲ့တယ်လို့ သိရပါတယ်။

ဂျက်စတင်ဘီဘာနဲ့ သူ့ရဲ့  သူငယ်ချင်းတွေဟာ ကားတိုက်ပြီးထွက်ပြေးသွားတယ်လို့ သံသယရှိခံရတဲ့ မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ အဖွားအိုတစ်ဦးကို လမ်းတစ်ဖက်ကို လျှောက်နိုင်အောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ဘီဘာနဲ့ သူငယ်ချင်းတစ်ခုဟာ ကလပ်တစ်ခုကို သွားရောက်နေစဉ်မှာ ထို အဖွားအို လဲကျနေတာကို မြင်တာကြောင့် သူနဲ့သူ့သူငယ်ချင်းတွေက ကားပေါ်က ဆင်းပြီး ကူညီပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုအဖွားအိုက ရဲတပ်ဖွဲ့တွေ ရေက်လာတဲ့အခါမှာတော့ သူမဟာ သူ့ဘာသာသူ ချော်လဲခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် မျက်မြင်သက်သေတွေရဲ့  အဆိုအရတော့ SUV ကားအနက်ရောင်တစ်စီးဟာ အဖွားအိုကို ၀င်တိုက်ပြီး ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ထိုအဖွားအိုဟာ ဆေးရုံကား ရောက်လာတဲ့အခါမှာလည်း ဆေးကုသမှု ခံယူဖို့ ငြင်းဆိုခဲ့ပြန်ပါတယ်။

ဒါဟာ ဒုတိယအကြိမ်မြောက် ဂျက်စတင်ဘီဘာ ရဲ့  ကူညီမှုပါ။ ပထမတစ်ကြိမ်တုန်းကလည်း ယာဉ်တိုက်မှု ဖြစ်ခဲ့တဲ့ လက်ဝှေ့ချန်ပီယံ Floyd Mayweather ရဲ့  ကလေးတွေကို ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပေးခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ