Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တစ်ကိုယ်တော်ဖျော်ဖြေပွဲ စင်မြင့်အထက်မှာ မျက်ရည်ကျခဲ့ရရှာတဲ့ ဂျနီဖာလိုပက်ဇ်

တစ်ကိုယ်တော်ဖျော်ဖြေပွဲ စင်မြင့်အထက်မှာ မျက်ရည်ကျခဲ့ရရှာတဲ့ ဂျနီဖာလိုပက်ဇ်

| No comment


ပေါ့ပ်အဆိုတော်မလေး Jennifer Lopez (ဂျနီဖာလိုပက်ဇ်)ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ သူမရဲ့  လတ်စ်ဗီးဂတ်စ် ဖျော်ဖြေပွဲစီးရီး ပထမဆုံး ပွဲစဉ် ကို ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် ထို ဖျော်ဖြေပွဲမှာ သူမကို မျက်ရည်ကျသည်အထိ ခံစားချက်တွေဖြစ်စေခဲ့တဲ့ အခိုက်အတန့်တွေကို ဂျေလို တစ်ယောက် တွေ့ကြုံခဲ့ရပါတယ်။

ဂျနီဖာလိုပက်ဇ် ဟာ သူမရဲ့  ဖျော်ဖြေပွဲအတွင်းမှာ ၀တ်စုံ ၈ စုံလဲပြီး ဖျော်ဖြေခဲ့သလိုပဲ သူမရဲ့  ဘ၀မှာ အရေးအကြီးဆုံးလို့ ဆိုထားတဲ့ သူမရဲ့  ကလေး ၂ ယောက် Emme နဲ့ Max တို့ကို ရည်ရွယ်ထားတဲ့ သီချင်းတစ်ပုဒ်ကိုလည်း သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။ အဲဒီသီချင်းရဲ့ နာမည်ကတော့ "I Hope You Dance" လို့ ခေါ်ပြီး LeeAnn Womack ဆိုတဲ့ တေးရေးဆရာက ရေးသားပေးထားတယ်လို့ သိရပါတယ်။ ဂျေလိုဟာ သူမရဲ့  ကလေး ၂ယောက်ကို ရည်ညွှန်းထားတဲ့ သီချင်းကို သီဆိုဖျော်ဖြေနေရင်းနဲ့ စင်မြင့်ပေါ်မှာ မျက်ရည်ကျခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း သူမက Entertainment Tonight ဆိုတဲ့ အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ "မင်းသိလား?ငါအဲဒီသီချင်းကို ရီဟာဆယ် လေ့ကျင့်တဲ့အချိန်တိုင်းလည်း ဆွံအသွားခဲ့ရတာချည်းပဲ။ အကပညာရှင်တွေလိုပဲ သူတို့ ငါ့ကိုသိနေကြတယ် ၊ ငါ့ကလေးတွေဟာ တီးဝိုင်းတစ်ခုနဲ့တူတယ်(သူမထပ်မံ မျက်ရည်ကျပြန်ပါတယ်) ငါစိတ်မထိန်းနိုင်ခဲ့ဘူး။ ငါ့ကလေးတွေအကြောင်းတွေးလိုက်ရင် ငါ ခံစားရတယ်" လို့ ပြောပြခဲ့ပါတယ်။

အသက် ၄၆ နှစ်ရှိနေပြီဖြစ်ပြီး American Idol အစီအစဉ်ရဲ့  အကဲဖြတ်ဒိုင်လည်း ဖြစ်တဲ့ ဂျေလို ဟာ လတ်စ်ဗီးဂတ် မြို့ က Planet Hollywood Resort and Casino မှာ သူမရဲ့  တစ်ကိုယ်တော် ဖျော်ဖြေပွဲစီးရီးကို ပထမဆုံး အကြိမ် ပွဲဦးထွက်ကျင်းပခဲ့ရာမှာ တော်တော်လေးအောင်မြင်ခဲ့တယ်လို့လည်း သိရပါတယ်။ သူမရဲ့ ဖျော်ဖြေပွဲကို သူမရဲ့  ချစ်သူ Casper Smart အပါအ၀င် Justin Bieber ၊ Nicole Scherzinger ၊ Ne-Yo ၊ Wilmer Valderrama တို့နဲ့အတူ အခြား အနုပညာရှင် များစွာလည်း လာရောက်အားပေးခဲ့တယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse