Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နှစ်သစ်ကူးညက တိုင်လုံးနဲ့ဝင်တိုက်မိပြီး နဖူးဒဏ်ရာရခဲ့တဲ့ Britney Spears

နှစ်သစ်ကူးညက တိုင်လုံးနဲ့ဝင်တိုက်မိပြီး နဖူးဒဏ်ရာရခဲ့တဲ့ Britney Spears

| No comment




ပေါ့ပ်အဆိုတော်မလေး Britney Spears ဟာ နှစ်သစ်ကူး ပွဲတော်ညမှာ တော်တော်လေး သတိလက်လွတ်ဖြစ်ခဲ့ပုံရပါတယ်။ သူမဟာ Instagram မှာ နှစ်သစ်ကူးဆုမွန်ကောင်းတောင်းတဲ့ ဓါတ်ပုံ တစ်ပုံ တင်ထားခဲ့ပြီး ထို ဓါတ်ပုံထဲမှာတော့ သူမရဲ့  နဖူးမှာ ဒဏ်ရာဖြစ်နေတာ တွေ့ရပါတယ်။

သူမဟာ ထို ဓါတ်ပုံကို "မင်္ဂလာနံနက်ခင်းပါ ၂၀၁၆ ၊ နဖူးပေါ်က ဒဏ်ရာကိုတော့ စိတ်မရှိပါနဲ့ တိုင်လုံးနဲ့ ၀င်ဆောင့်မိထားတာပါ" လို့ ခေါင်းစဉ်ပေးရေးသားထားပါသေးတယ်။

သူမ ရဲ့  ဒဏ်ရာဟာ သိပ်တော့မထင်ရှားပါဘူး။ ဒါပေမယ့် သူမဟာ လည်သာ ဂျက်ကတ် အနက်ရောင်နဲ့ လှပနေတာတော့ အမှန်ပါပဲ။

သူမဟာ လတ်စ်ဗီးဂတ်စ် မြို့ မှာ သူမရဲ့ သားတွေနဲ့ အတူ ငါးပြတိုက်အတူသွားရောက်ခဲ့ပြီး Caesar's Palace မှာရှိတဲ့ Mr.Chow စားသောက်ဆိုင်မှာ ညစာစားခဲ့တဲ့ ဓါတ်ပုံတွေကိုလည်း Instagram မှာ တင်ထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse