Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Celine Dion ရဲ့ ခင်ပွန်းဖြစ်သူဆုံးပါးပြီး ၂ ရက်အကြာ အစ်ကိုဖြစ်သူ Daniel တစ်ယောက် ဆုံးပါးခဲ့ပြန်

Celine Dion ရဲ့ ခင်ပွန်းဖြစ်သူဆုံးပါးပြီး ၂ ရက်အကြာ အစ်ကိုဖြစ်သူ Daniel တစ်ယောက် ဆုံးပါးခဲ့ပြန်

| No comment


ကနေဒီယန် အဆိုတော်၊ သီချင်းရေးသူ Celine Dion ဟာ သူ့ဘ၀အတွက် နောက်ထပ်အရေးပါသူတစ်ဦး ဆုံးရှုံးခဲ့ပြန်ပါတယ်။

သူ့ရဲ့အစ်ကိုဖြစ်သူ Daniel ဟာ ကင်ဆာရောဂါကြောင်း စနေနေ့ကပဲ ဆုံးပါးသွားခဲ့တယ်လို့ CBC သတင်းအရ သိရှိရပါတယ်။
မောင်နှမ ၁၄ ယောက်ထဲရှိတဲ့အထဲမှာ Daniel ဟာ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ အစ်ကိုကြီးတစ်ယောက်ဖြစ်ပါတယ်။

သူဟာ ညီမဖြစ်သူ ဂရမ်မီဆုရရှိသူရဲ့ ခင်ပွန်း Rene Angelil တစ်ယောက် လည်ချောင်းကင်ဆာနဲ့ ဆုံးပါးသွားပြီး ၂ ရက်အကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

Angelil ရဲ့ ဈာပနအခမ်းအနားကို သောကြာနေ့မှာ ပြုလုပ်မှာဖြစ်ပြီး နောက်တစ်ရက်မှာတော့ Daniel ရဲ့ ဈာပနကို ပြုလုပ်မယ်လို့ ဆိုပါတယ်။
အသက် ၄၇ နှစ်အရွယ် Celine ကတော့ သူ့ရဲ့ Las Vegas ဂီတဖျော်ဖြေပွဲကို ဆုံးရှုံးမှုတွေအတွက် သူပြန်လည်ဖြေသိမ့်နိုင်မယ့်အချိန်ထိ ရက်ရွှေ့ဆိုင်းထားခဲ့ပါတယ်။



( Michelle )


သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror