Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အမျိုးသမီးတစ်ဦးကို ထိုးခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ Chris Brown

အမျိုးသမီးတစ်ဦးကို ထိုးခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ Chris Brown

| No comment



R&B အဆိုတော် Chris Brown တစ်ယောက်ဟာ ဥပဒေ ပိုင်းဆိုင်ရာ ပြဿနာကို ကြုံရပြန်ပါပြီ။ TMZ သတင်းဌာန ရဲ့ ဖော်ပြချက်အရ Chris Brown ဟာ လက်ရှိမှာ အမျိုးသမီး တစ်ဦး ရဲ့ မျက်နှာကို ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲ တပ်ဖွဲ့ဝင်တွေ ရဲ့ စုံစမ်း စစ်ဆေးခြင်းကို ခံနေရတယ်လို့ သိရပါတယ်။

အထိုးခံရသူ အမျိုးသမီးက သူ့ရဲ့ အညိုအမည်း စွဲနေတဲံ မျက်နှာဓါတ်ပုံကို လူမှု မီဒီယာ စာမျက်နှာမှာ တင်ထားခဲ့တာဖြစ်ပါတယ်။ ထိုအမျိုးသမီးကတော့ ဘရာဇီးလ် မော်ဒယ်လ် မ တစ်ယောက်ဖြစ်ပြီး Kardashian ညီအစ်မတွေလို ဖြစ်ချင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ကျော်ကြားသူတွေနဲ့ ကပ်ပြီး နာမည်ကြီးလိုစိတ် ရှိသူလည်းဖြစ်ပါတယ်။

သူမဟာ Chris Brown ကိုခွင့်မတောင်းပဲ ဓါတ်ပုံရိုက်ယူမိတဲ့အတွက် Chris Brown ရဲ့  လုံခြုံရေးတွေက သူမ ရဲ့  ဖုန်းကို သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ Chris Brown က သူမရဲ့ မျက်နှာကိုထိုးခဲ့တယ်လို့ သူမက စွပ်စွဲခဲ့တာဖြစ်ပါတယ်။

သူမဟာ ဖုန်းပြန်လည်ရယူလိုတဲ့အတွက် Chris Brown ရှိရာ လတ်စ်ဗီးဂတ်စ် မြို့ က Palms Casino Resort ဟိုတယ်ထဲမှာ အော်ဟစ်သောင်းကျန်းနေတဲ့အတွက် ဟိုတယ်ပြင်ပကို ဆွဲထုတ်ခဲ့ရတယ်လို့ Chris Brown ရဲ့ ပြောခွင့်ရှိသူက ပြန်လည် ဖြေရှင်းပေးခဲ့ပါတယ်။

ထို အမျိုးသမီး ရဲ့ မျက်နှာကို ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ Chris Brown ရဲ့ ပြောခွင့်ရှိသူတွေက မှားယွင်းတဲ့ စွပ်စွဲချက်အဖြစ်သတ်မှတ်ငြင်းဆိုခဲ့ပါတယ်။

Chris Brown ကိုစွပ်စွဲထားတဲ့ ဘရာဇီးလ်မော်ဒယ်လ်


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse