အသက် ၃၀ အရွယ် မော်ဒယ်လ်ဖြစ်သူက သူ့ရဲ့ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး တနင်္လာနေ့က ထုတ်ဝေတဲ့ Cosmopolitan မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုမှ ဆွေးနွေးသွားခဲ့ပါတယ်။ Teigen နဲ့ ခင်ပွန်းဖြစ်သူ Johm Legend တို့ဟာ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို မျှော်လင့်နေကြကြောင်းနဲ့ သူ့ရဲ့ပြောင်းလဲနေတဲ့ ကိုယ်ခန္ဓာအချိုးအစားအတွက်လည်း ဂုဏ်ယူမိကြောင်း မဂ္ဂဇင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
“ ကျွန်မ ပိုပြီး ယုံကြည်မှုတွေရှိလာတယ်လို့ ခံစားရပါတယ်။ ပြီးတော့ အားလုံးကိုလည်း ဒီအကြောင်း လိုက်ပြောနေမိတယ်..ကမ်းခြေမှာ ရေကူးဝတ်စုံဝတ်ရတာတောင် ကိုယ့်ကိုယ်ကို ခုလောက်ယုံကြည်မှု မရှိခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။
“ အထဲက ကလေးက ကန်တာကိုလည်း အရင်ကထက် ပိုပိုပြီး ခံစားသိရှိလာရပါပြီ။ ကိုယ်ဝန်ဆောင်ရတာနဲ့ ပတ်သက်ပြီး လှပတဲ့အရာတစ်ခုရှိနေတယ်လို့ ခံစားရပါတယ်။ ခုလိုကိုယ်ဝန်ဆောင် ဘ၀ကို အရင်ကထက်ပိုပြီး ပျော်ရွှင်လာပါတယ် “ လို့လည်း ပြောသွားပါသေးတယ်။
Teigen ဟာ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် John Legend နဲ့ ၂၀၀၇ ခုနှစ်ကတည်းက တွဲခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူက တီဗီဇာတ်လမ်းတွဲဖြစ်တဲ့ Lip Sync Battle မှာ လက်ရှိသရုပ်ဆောင်နေတာဖြစ်ပါတယ်။
( Michelle )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Upi