Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဂန္တဝင်အဆိုတော်ကြီး David Bowie ကင်ဆာရောဂါဖြင့် ကွယ်လွန်

ဂန္တဝင်အဆိုတော်ကြီး David Bowie ကင်ဆာရောဂါဖြင့် ကွယ်လွန်

| No comment



ဒီအဆိုတော်ကြီးဟာဆိုရင်တော့ အင်္ဂလန်နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဂီတကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး  ဂီတနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေအပြင် ရုပ်ရှင်လောကတွေမှာပါ အောင်မြင်မှုတွေရခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ 

သူသေဆုံးခဲ့တဲ့သတင်းကိုတော့ သူ့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်နဲ့ တွစ်တာအကောင့်တွေကနေ ကြေညာခဲ့ပြီး " ကင်ဆာရောဂါကို ၁၈ လကြာခံစားခဲ့ရပြီးတဲ့နောက်မှာ David Bowie ဟာဆိုရင်တော့ အေးအေးချမ်းချမ်းနဲ့ပဲ ကွယ်လွန်ခဲ့ပါပြီ။ " လို့ ရေးသားထားခဲ့ပါတယ်။

သူ့ရဲ့သားဖြစ်သူ Duncan Jones ကတော့ " ကျွန်တော်အရမ်းဝမ်းနည်းပြီး ဒါအမှန်ဆိုတာကို ပြောပြဖို့ အင်အားမရှိတော့ဘူး။ ဆိုရှယ်မီဒီယာတွေကနေ ခဏတော့ offline ဖြစ်နေအုံးမယ် ထင်ပါတယ် " လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

သူနဲ့ ၂၄ နှစ်ကြာ လက်တွဲခဲ့တဲ့ ဇနီးဖြစ်သူ Iman ကလည်း အခုတလောမှာ ဆိုရှယ်မီဒီယာပေါ်မှာ မတွေ့ခဲ့ရပေမယ့်လည်း ခင်ပွန်းဖြစ်သူကွယ်လွန်တော့မယ်ဆိုတာ ကြိုသိနေသလို စာသားတွေကို တင်ထားခဲ့ပါတယ်။

သူ့ရဲ့ ကွယ်လွန်မှုကတော့ ဗြိတိန်နိုင်ငံရဲ့ အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၈ ရက်နေ့ကမှ သူ့ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ကို ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။




( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail