Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တရုတ်ပြည်မှာ “ Deadpool” ရုပ်ရှင်ကို ဆင်ဆာမညီ ဇာတ်ဝင်ခန်းတွေကြောင့် ရုံတင်ခွင့်ပိတ်သိမ်း

တရုတ်ပြည်မှာ “ Deadpool” ရုပ်ရှင်ကို ဆင်ဆာမညီ ဇာတ်ဝင်ခန်းတွေကြောင့် ရုံတင်ခွင့်ပိတ်သိမ်း

| No comment

တရုတ်ပြည်မှာ Dedpool ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုများ၊ အဖော်အချွတ်နဲ့ ဂရပ်ဖစ်ဒီဇိုင်းတွေကြောင့် ရုံတင်ခွင့်မပြုဘူးလို့ သိရပါတယ်။

ပြည်တွင်းသတင်းတွေရဲ့ အဆိုအရ တရုတ်နိုင်ငံရဲ့ ဆင်ဆာတည်းဖြတ်ရေး တာဝန်ခံတွေက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရုံတင်ပြသခွင့် လျှောက်ထားတဲ့ Deadpool ရုပ်ရှင်ကားကို ပြသခွင့် မပေးခဲ့တာလို့ ဆိုပါတယ်။

ဒီသတင်းကတော့ Ryan Reynolds  အဓိကသရုပ်ဆောင်အဖြစ် ရိုက်ကူးထားတဲ့ “ Anti- superhero” ရုပ်ရှင်အပေါ် Motion Picture Association of America က ဇာတ်ကားမှာပါဝင်တဲ့ အကြမ်းဖက်မှု၊ အဖော်အချွတ် ဇာတ်ဝင်ခန်းတွေအတွက် R-rating ပေးခံပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Tim Miller က ရိုက်ကူးထားတာဖြစ်ပြီး သူကတော့ ဒီရုပ်ရှင်နဲ့ ပါတ်သက်လို့ Marvel ရုပ်ပြရဲ့ သဘာဝတွေကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ရှက်စရာမလိုဘူးလို့လည်း ဆိုပါတယ်။ ဒီရုပ်ရှင်မှာ T.J Miller, Morena Baccarin နဲ့ Brianna Hilderbrand တို့ ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။



( Michelle )



#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI