Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Demi Lovato နဲ့ Nick Jonas တို့ Victoria’s Secret ရေကူးဝတ်စုံ ဖက်ရှင်ရှိုးမှာ ပါဝင်ဖျော်ဖြေမည်

Demi Lovato နဲ့ Nick Jonas တို့ Victoria’s Secret ရေကူးဝတ်စုံ ဖက်ရှင်ရှိုးမှာ ပါဝင်ဖျော်ဖြေမည်

| No comment

Nick Jonas နဲ့ Demi Lovato တို့ Victoria’s Secret ရေကူးဝတ်စုံဖက်ရှင်ရှိုးပွဲမှာ ပါဝင်သီဆိုဖျော်ဖြေ ပေးမယ်လို့ CBS က ကြေညာထားပါတယ်။

ဒီအစီအစဉ်ကို မတ်လ ၉ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံအနောက်ပိုင်းက St.Barth ကျွန်းပေါ်မှာ ရိုက်ကူးဖျော်ဖြေ မှာဖြစ်ပါတယ်။

 “ ကမ္ဘာပေါ်မှာအလှဆုံးအမျိုးသမီးနဲ့ ဆွဲဆောင်မှုရှိတဲ့ရေကူးဝတ်စုံဒီဇိုင်းတွေကို အလန်းဆုံးသီဆိုမှုတွေနဲ့ ပေါင်းစပ်စီစဉ် တင်ဆက်မှာဖြစ်လို့ အကောင်းဆုံးပွဲတစ်ခု ဖြစ်လာမှာပါ။ ပေါ့ပ်စူပါစတားတွေ ဖြစ်တဲ့ Nick Jonas နဲ့ Demi Lovatoတို့ကလည်း ဒီကျွန်းမှာ လာရောက်ပူးပေါင်းပြီး သီဆိုဖျော်ဖြေပေးကြမှာလေ” လို့ သတင်းမှာ ဖော်ပြထားပါတယ်။

စူပါမော်ဒယ်တွေဖြစ်ကြတဲ့ Behati Prinsloo, Candice Swanepoel, Elsa Hosk, Jasmine Tookes, Josephine Skriver, Lais Ribiero, Lily Aldridge, Martha Hunt, Romee Strijd, Sara Sampaio, Stella Maxwell, Taylor Hill နဲ့ Vita Sidorkina တို့ကလည်း အမိုက်စားရေကူးဝတ်စုံတွေနဲ့ ဓါတ်ပုံရိုက်ခံမှာဖြစ်ပြီး St. Barth ကျွန်းရဲ့သဘာဝအလှတရားတွေကိုလည်း ဖော်ထုတ်သွားမှာပါ။” လို့လည်း ဖော်ပြထားပါသတဲ့။



( Michelle )



သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror