Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Doomsday ဒဏ္ဍာရီအကြောင်း ဖော်ထုတ်ပြသထားတဲ့ 'Batman vs. Superman'

Doomsday ဒဏ္ဍာရီအကြောင်း ဖော်ထုတ်ပြသထားတဲ့ 'Batman vs. Superman'

| No comment




ဒါရိုက်တာ Zack Snyder က The Daily Beast နဲ့ အင်တာဗျုးမှာ ဒုတိယရုပ်ရုင်အညွန်းမှာ Villian ပါဝင်လာတာနဲ့ ပတ်သတ်ပြီး ပြစ်တင်ပြောကြားမှုတွေ ကြားသိရတယ်လို့ ဆိုလာပါတယ်။

 “ ကျွန်တော် ရုပ်ရှင်ထဲမှာ ဘာတွေပါလဲဆိုတာသိပါတယ်။ ပြီးတော့ တခြားအကြာင်းတွေကိုလည်း သိထားပါတယ်။ ကျွန်တော်နဲ့ Warner Bros တို့လည်း ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး အများကြီးပြောဆိုညှိနှိုင်းထားကြတာပါ” လို့ Snyder ကပြောပါတယ်။

 “ Doomsday က သူ့မှာ ကိုယ်ပိုင်ဒဏ္ဍာရီ ရှိပြီးသားလေ.. ဒီတော့ ဒါကို ဖော်ထုတ်ပြသဖို့ လိုတာပေါ့.. ကျွန်တော်တို့အတွက်တော့ Doomsday နဲ့ပတ်သက်ပြီး ပရိသတ်ကို ယုတ္တိရှိရှိ ရိုက်ကူးပြသဖို့ပါပဲ။ ဒီလို ကမ္ဘာကျော်ဟီးရိုးတွေဖြစ်တဲ့ Batman နဲ့ Superman တို့ရဲ့ ပဋိပက္ခတွေနဲ့ ပြည့်နေတဲ့ ဒီဇာတ်ကားက ကျွန်တော့်အတွက်တော့ တကယ့် စိတ်လှုပ်ရှားမှုတွေနဲ့ ပျော်စရာတွေ အပြည့်ပါပဲ” လို့လည်း သူကဆိုပါတယ်။

Batman v. Superman  ရုပ်ရှင်ဇတ်ကားကို မတ်လ ၂၅ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး The Justice League: Part One  ကိုတော့ ၂၀၁၇ခုနှစ်မှာပြသမှာဖြစ်ပါတယ်။

Amy Adams ကတော့ စူပါမင်းရဲ့ချစ်သူ Lois Lane အဖြစ်ပါဝင်မှာဖြစ်ပြီး Diane Lane ကတော့ သူရဲ့ မွေးစားမိခင် Martha Kent နေရာကပါဝင်သရုပ်ဆောင်ကာ Laurence Fishbume ကတော့ သူရဲ့အယ်ဒီတာ Petter White နေရာကပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ Jason Momoa နဲ့ Ezra Miller တိုကတော့ Aquaman နှင့် The Flash တို့အဖြစ်အသီးသီးပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။


( Michelle )

သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror