Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အကြိုက်ဆုံး မာစီဒီးကားကို eBay ကနေတစ်ဆင့်ရောင်းချမယ့် မင်းသားကြီး အာနိုး

အကြိုက်ဆုံး မာစီဒီးကားကို eBay ကနေတစ်ဆင့်ရောင်းချမယ့် မင်းသားကြီး အာနိုး

| No comment


ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ရုပ်သံစတားတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး
Arnold Schwarzenegger (အာနိုးရှဝါဇနက်ဂါ) ကတော့ သူ့ရဲ့ မာစီးဒီးဘန့်ဇ်ကားကြီးကို eBay ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ရောင်းချသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကားဟာ လမ်းကြမ်းကားအမျိုးအစားဖြစ်ပြီး နှစ်ယောက်စီးလို့ရတဲ့ ကားပါ။ ဒီကားဟာဆိုရင်တော့ ၁၀ ပေလောက်မြင့်ပြီး မာစီဒီးရဲ့ 1977 U1300 မော်ဒယ်အမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။ အလေးချိန်ကတော့ ပေါင် ၉၇၀၀ လောက်ရှိပြီး အာနိုးရဲ့ အကြိုက်ဆုံးကားတွေထဲက တစ်စီးလည်း ဖြစ်တယ်လို့ သိရပါတယ်။



သင့်အနေနဲ့ ဒီကားကို ကြိုက်နှစ်သက်လို့ဖြစ်ဖြစ် ဝယ်စီးချင်မိတယ်ဆိုရင်တော့ အမေရိကန် ဒေါ်လာ ၃၅၀၉၈၀ လောက်ကုန်ကျမှာဖြစ်ပါတယ်။
အာနိုးကတော့ ဒီလိုကားမျိုးဟာ ဘယ်နေရာမှာမှ မရောင်းချနိုင်ဘဲ  အကောင်းဆုံးကားတွေထဲက တစ်ခုကို ပရိသတ်တွေအတွက် တမင်ရောင်းချတာဖြစ်တယ်လို့လည်း ပြောပါတယ်။

သင့်အနေနဲ့ ဒီကားကိုတော့ တောထဲလောက်မှာသာစီးလို့ရမှာဖြစ်ပြီး မြို့ထဲဝင်ဖို့တော့ ခွင့်တောင်းရကောင်း ခွင့်တောင်းရနိုင်ပါတယ်။



( Paing A K )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : mashable