Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Game of Thrones ဇာတ်လမ်းရဲ့ Season 6 လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ထွက်ရှိမည်

Game of Thrones ဇာတ်လမ်းရဲ့ Season 6 လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ထွက်ရှိမည်

| No comment


သင်တို့ရော Game of Thrones ရဲ့ ပရိသတ်တွေလား?? သင်တို့သာ Game of Thrones ရဲ့ ပရိသတ်ဆိုရင်တော့ season 6 ကို စောင့်မျှော်နေမယ်ဆိုတာလည်း ရဲရဲကြီး အာမခံနိုင်ပါတယ်။ ဒါ့အပြင် သင်ကြည့်ရတော့မယ့် Game of Thrones Season 6 နေ့ရက်ဟာလည်း တစ်ဖြည်းဖြည်းနီးစပ်လာခဲ့ပါပြီ။ သင့်အနေနဲ့ အချိန်အနည်းငယ်သာစောင့်ဆိုင်းရတော့မှာဖြစ်ပြီး တရားဝင်ထွက်ရှိလာမယ့်နေ့ကိုလည်း HBO ရုပ်သံက ကြေညာခဲ့ပါပြီ။

Game of Thrones Season 6 ဟာဆိုရင်တော့ ဧပြီလ ၂၄ ရက်နေ့မှာ ထက်ရှိမှာဖြစ်ပြီး Season 6 နဲ့ နောင်အနာဂတ်မှာ ထွက်ရှိလာမယ့် Game of Thrones ဇာတ်လမ်းတွဲတွေဟာဆိုရင်တော့ အရင်ဇာတ်လမ်းတွဲတွေ အခြေခံရိုက်ကူးခဲ့တဲ့  George R.R. Martin ရေးသားတဲ့ ဝတ္ထုတွေပေါ်မှာ အခြေခံတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတာကတော့ Martin ဟာ ဇာတ်ကားထုတ်လွှင့်မယ့်နေ့တွေအမှီ ဇာတ်လမ်းကိုရေးသားနိုင်မှု မရှိတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒ့ါကြောင့် သင့်အနေနဲ့ ခြားနားမှုကိုတွေ့ရမှာကတော့ Season 6 ကနေစပြီး စာအုပ်ထဲလိုလည်း မဟုတ်တော့ဘဲ စည်းလွတ်ဝါးလွတ် ဇာတ်လမ်းဖြစ်နေတာကို တွေ့ရမယ်လို့ ဝေဖန်သူတွေက ရေးသားထားကြပါတယ်။

 Game of Thrones ကို အရူးအမူးနှစ်သက်တဲ့သူတွေကတော့ စာအုပ်ထဲက ဇာတ်လမ်းမဟုတ်ဘဲ ဒီဇာတ်လမ်းကို အောင့်သက်သက်နဲ့ ကြည့်ရှုရနိုင်ပါတယ်။

Season 6 ဟာဆိုရင်တော့ Bran Stark ရေးသားထားတဲ့ ဇာတ်သွားပေါ်မှာ အခြေခံထားတာဖြစ်ပြီးတော့ အရင် season မှာတော့ တစ်ခါမှ ပါဝင်ရေးသားဖူးတဲ့သူမဟုတ်ဘူးလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။



( Paing A K )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : ubergizmo