Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Givenchy ဂျင်းအဝတ်အစား ကြော်ငြာအတွက် ကိုယ်လုံးတီးပုံ ရိုက်ကူးခဲ့တဲ့ Irina Shayk

Givenchy ဂျင်းအဝတ်အစား ကြော်ငြာအတွက် ကိုယ်လုံးတီးပုံ ရိုက်ကူးခဲ့တဲ့ Irina Shayk

| No comment



အတွင်းခံကြော်ငြာတွေ ရိုက်ကူးရင်းအောင်မြင်လာတဲ့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့  Irina Shayk ဟာဆိုရင်တော့ အခုအချိန်မှာလည်း အဝတ်လုံးဝမပါတဲ့ သူမရဲ့အလှကို အပေါ်ပိုင်းဗလာကျင်းထားတဲ့ အမျိုးသားမော်ဒယ်တစ်ယောက်နဲ့အတူ Givenchy ဂျင်းအဝတ်အစား ကြော်ငြာအတွက် ရိုက်ကူးခံခဲ့ပါတယ်။

အသက် ၃၀ အရွယ်သူမဟာ အမျိုးသားမော်ဒယ်ဖြစ်တဲ့ Chris Moore ကို ဖက်တွယ်ထားပြီး ညှို့အားပြင်းတဲ့ အဖြူအမည်းဓာတ်ပုံကို ရိုက်ကူးထားခဲ့တာပါ။

ဒီဓာတ်ပုံတွေကိုတော့ ရိုက်ကူးရေးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Risci က သူ့ရဲ့ Instagram စာမျက်နှာပေါ်မှာ တင်ထားခဲ့ပြီး နောက်ထပ်တစ်ပုံမှာတော့  Irina က နောက်ကျောကနေ အပေါ်ပိုင်းဗလာကျင်းနဲ့ Chris ပေါ်ကို ဖက်တွယ်ထားတဲ့ ဓာတ်ပုံပါ။


နောက်ထပ်ဓာတ်ပုံတစ်ခုမှာတော့ Irina က Chris ရဲ့ ပုခုံးပေါ်ကို ခွထိုင်နေပြီး ဂျင်းကြော်ငြာကို အမိုက်စားရိုက်ကူးခဲ့ပါတယ်။ Irina ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကနေစပြီး မင်းသားကြီး Bradle Cooper နဲ့လက်တွဲခဲ့ပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ကိုယ်လုံးတီးပုံကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။


( Paing A K )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail