Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Golden Globes ရုပ်ရှင်ဆုပေးပွဲမှာ သမီးလေး Annie ကို ခေါ်ဆောင်လာတဲ့ Jamie Lee Curtis

Golden Globes ရုပ်ရှင်ဆုပေးပွဲမှာ သမီးလေး Annie ကို ခေါ်ဆောင်လာတဲ့ Jamie Lee Curtis

| No comment

 


အသက် ၅၇ အရွယ်ရှိပြီဖြစ်တဲ့ ရုပ်ရှင်မင်းသမီးကြီး Jamie Lee Curtis ဟာ သူမရဲ့သမီးငယ်ဖြစ်တဲ့ ၂၉ နှစ်အရွယ် Annie Gust နဲ့ ဆုပေးပွဲတစ်ခုကို အတူတက်ရောက်ခဲ့ပါတယ်။

Gust က Curtis နဲ့  ဒါရိုက်တာChristoper Gusest တို့ရဲ့ သမီးဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာ အသက် ၁၉ နှစ်အရွယ် Thomas ဆိုတဲ့သားတစ်ယောက်လဲရှိပါသေးတယ်။

 “ကျွန်မမှာ ကျွန်မ မိသားစုနဲ့ လုပ်စရာတွေအများကြီးကျန်သေးတယ် “ လို့ Curtis က သတင်းသမားတွေကို ၂၀၁၀ တုန်းက ပြောခဲ့ပါတယ်။ “ကျွန်မက ပရဟိတတွေကို လုပ်နိုင်သလောက်လုပ်သွားမှာပါ နောက်ပြီး ပရဟိတ ဆိုတာ ကိုယ်အိမ်ထဲမှာပဲလုပ်ရတယ်လို့လည်း ယုံကြည်ထားတာပါ။ နောက်မှ ကျွန်မတို့ နောက်ထပ် မိသားစုတွေနဲ့ဆက်လုပ်ရတာပါ။ အကောင်းဆုံး လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

Curtis က Fox ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Screa Queens မှာ Cathy Munsch နဲ့ အတူတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Elieen Davidson နဲ့ John Savage တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Spychosis  လို့ခေါ်တဲ့ အက်ရှင်-ဟာသ ဇတ်လမ်းတွဲ မှာလည်း ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။



( Michelle )



#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI