Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရသင့်ရထိုက်တဲ့သူတွေ ဆုရခဲ့ကြတဲ့ Golden Globes ဆုပေးပွဲ

ရသင့်ရထိုက်တဲ့သူတွေ ဆုရခဲ့ကြတဲ့ Golden Globes ဆုပေးပွဲ

| No comment



၇၃ ကြိမ်မြောက်  Golden Globes ဆုပေးပွဲမှာတော့ တကယ့်ကို သရုပ်ဆောင်ကောင်းခဲ့တဲ့သူတွေအားလုံး ဆုတွေကို ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ ဒီဆုပေးပွဲမှတော့ မင်းသားကြီး Leonardo DiCaprio ပါဝက်သရုပ်ဆောင်ထားတဲ့ The Revanant ရုပ်ရှင်ဇာတ်ကားက အဓိကဆုအတော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Lady Gaga ကလည်း ဇာတ်လမ်းတွဲ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို သူမရဲ့ ပထမဆုံးရုပ်ရှင်လောက အောင်မြင်မှုအနေနဲ့ ရရှိခဲ့ပါတယ်။





ဒီဆုပေးပွဲမှာ တစ်ပြေးနေတဲ့ မင်းသားကြီး Leonardo DiCaprio က The Revanant  ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကိုလည်း
The Revanant  ရုပ်ရှင်ကားကပဲ ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒါ့ကြောင့် The Revanant  ရုပ်ရှင်ကားအတွက်တော့ အောင်မြင်မှုတွေရခဲ့တဲ့ ဆုပေးပွဲပါပဲ။




ဒီပွဲမှာတော့ ဝါရင့်သရုပ်ဆောင်တော်တော်များများလည်း ဆုတွေရခဲ့ကြပါတယ်။ မင်းသမီးကြီး Kate Winslet ကတော့ Steve Jobs ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပြီး မင်းသားကြီး Stallone ကလည်း Creed ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။



စိတ်ဝင်စားစရာ comedy ဇာတ်ကားတွေမှာတော့ မင်းသမီးချော Jennifer Lawrence နဲ့ မင်းသား Matt Damon တို့က ဆုတွေအသီးသီးရရှိခဲ့ကြပါတယ်။ အဆိုတော် သရုပ်ဆောင် Lady Gaga ကတော့ အမေရိကန်သည်းထိတ်ရင်ဖိုဇာတ်ကား Hotel နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။



ဒီပွဲမှာတော့ မင်းသားကြီး  Leonardo DiCaprio က Lady Gaga ကို နောက်ကနေ လှောင်ပြောင်ခဲ့တာကလည်း လူပြောများခဲ့သလို ကြားဖြတ်အစီအစဉ်အနေနဲ့ မင်းသားကြီး Tom Hanks က မင်းသားကြီး Denzel Washington ကို  Cecil B. DeMille ဆုကို ကြားဖြတ်ချီးမြှင့်ခဲ့ပါတယ်။

ဒီပွဲ ခဏတာနားချိန်မှာတော့ အဆိုတော် Katy Perry ကလည်း တေးသီချင်းတွေနဲ့ တာဝန်ယူဖျော်ဖြေပေးခဲ့ပါသေးတယ်။


( Paing A K )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail