Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , လူစုံတက်စုံ ပြန်လည်ဖျော်ဖြေမယ့် Guns N' Roses

လူစုံတက်စုံ ပြန်လည်ဖျော်ဖြေမယ့် Guns N' Roses

| No comment



တစ်ချိန်တစ်ခါက ရော့ခ် ဂီတ သမိုင်းမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Guns N' Roses အဖွဲ့ဟာ တစ်ကွဲတစ်ပြားစီနဲ့ ပြိုကွဲသွားပြီးတဲ့နောက် အခုတစ်ဖန် ၂၀၁၆ ခုနှစ် ဧပြီလမှာကျင်းပမယ့် Coachella ဂီတနဲ့အနုပညာ ပွဲတော်မှာတော့ ပြန်လည်ပေါင်းစည်း ဖျော်ဖြေကြမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ပြန်လည် ပေါင်းစည်းမယ်ဆိုတဲ့အဓိပ္ပာယ်ကတော့ Guns N' Roses အဖွဲ့ ရဲ့  တည်ထောင်သူတွေဖြစ်ပြီး အောင်မြင်မှုအများဆုံးရခဲ့တဲ့ အဆိုတော် Axl Rose နဲ့ ဂစ်တာသမား Slash တို့ ပြန်လည် ပါဝင်လာခြင်းကို ဆိုလိုပါတယ်။

ဒီ ဖျော်ဖြေမှု ပြီးတာနဲ့ ၂၀၁၆ ခုနှစ်ရဲ့  နွေရာသီတစ်ခုလုံးကိုလည်း Gun N' Roses က နယ်လှည့်ဖျော်ဖြေပွဲတွေ ဆက်တိုက်လုပ်သွားဖို့ စီစဉ်ထားပြီး ဖြစ်နိုင်ချေအရှိဆုံးနဲ့ ပထမဆုံး ဖြစ်လာနိုင်တဲ့ ဖျော်ဖြေပွဲကတော့ Las Vegas Arena အသစ်မှာပဲ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Axl Rose နဲ့ Slash တို့ဟာ ၁၉၉၃ ခုနှစ်က Buenos Aires ပွဲတော်မှာ ဖျော်ဖြေပြီးကတည်းက နောက်ထပ် အတူတူ ဖျော်ဖြေခြင်းမရှိခဲ့တော့ တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ