Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Hailey Baldwin နဲ့ အနမ်းခြွေနေတဲ့ဓာတ်ပုံကို Instagram ပေါ်တင်ခဲ့တဲ့ Justin Bieber

Hailey Baldwin နဲ့ အနမ်းခြွေနေတဲ့ဓာတ်ပုံကို Instagram ပေါ်တင်ခဲ့တဲ့ Justin Bieber

| No comment






ပျိုပျိုမေတွေရဲ့ အသည်းကျော်အဆိုတော် Justin Bieber ကတော့ နှစ်ရှည်လများ သူငယ်ချင်းတွေအဖြစ်ရှိနေကြတဲ့ Hailey Baldwin နဲ့ အနမ်းပန်းတွေ ခြွေနေကြတဲ့ ဓာတ်ပုံကို သူ့ရဲ့ Instagram စာမျက်နှာပေါ်ကို တင်ထားခဲ့ပြီး သူ့ရဲ့ အချစ်ရေး ကောလဟလတွေကို ပြန်လည် ကျယ်လောင်စေခဲ့ပြန်ပါပြီ။ သူတို့နှစ်ယောက်ဟာ ပြင်သစ်နိုင်ငံ စိန့်ဘတ်ကမ်းခြေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့တည်းက ရောက်ရှိနေခဲ့ကြပြီး အပန်းဖြေနေကြတာပါ။

သူတို့နှစ်ယောက်ဟာ ခရီးစဉ်တစ်လျှောက်မှာလည်း ကြည်နူးဖွယ်ကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ယူခဲ့ကြပြီး သူတို့ရဲ့  Instagram စာမျက်နှာတွေပေါ်မှာလည်း မျှဝေခဲ့ကြပါတယ်။ အခုလို JB က မျှဝေလိုက်တဲ့ ဓာတ်ပုံထဲမှာတော့ Hailey ရဲ့ ခါးကို Bieber က ဖက်ထားပြီး နှုတ်ခမ်းချင်းတေ့ပြီး အနမ်းပေးနေခဲ့တာကို တွေ့မြင်ရမှာပါ။







Hailey Baldwin ကတော့ သူနဲ့ Bieber တို့ဟာ သူငယ်ချင်းသက်သက်သာဖြစ်ကြပြီး သူနဲ့ ၁၃ နှစ်အရွယ်တည်းက စတင်ရင်းနှီးနေခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ " သူ့ဘဝတစ်လျှောက်မှာ အကူးအပြောင်းတွေ အများကြီးရှိခဲ့ပြီး အကျိုးရှိစေမယ့်ဘက်ကို သူရောက်နေပြီ။ သူ့ရဲ့ဘေးမှာ ကောင်းတဲ့လူတွေကို သူအလိုရှိနေတယ်။ ကျွန်မကတော့ သူ့ရဲ့ ဘေးက သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပြီး သူ့ကို ကူညီသွားမှာပါ " လို့ Hailey Baldwin က အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာပါ။

ဒီဇင်ဘာလအတွင်းတုန်းကတော့ Justin Bieber ဟာ ဆန်းကြယ်တဲ့ ဓာတ်ပုံတွေနဲ့အတူ Kourtney Kardashian နဲ့ ဘာလိုလို ညာလိုလို ကောလဟလတွေ ထွက်ခဲ့ပါသေးတယ်။ အခုဆိုရင်လည်း Hailey Baldwin နဲ့က သူငယ်ချင်းလိုပဲဆက်ရှိနေမှာလားဆိုတာကတော့ ဝေခွဲရခက်နေအုံးမှာပါပဲ။




( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI