Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , Harry Styles နဲ့ပတ်သက်တဲ့ သတင်းတွေအတွက် မိသားစုရဲ့ သတိပေးမှုကိုခံခဲ့ရတဲ့ Kendall Jenner

Harry Styles နဲ့ပတ်သက်တဲ့ သတင်းတွေအတွက် မိသားစုရဲ့ သတိပေးမှုကိုခံခဲ့ရတဲ့ Kendall Jenner

| No comment


Kendall Jenner  နဲ့ Harry Styles တို့ဟာ မကြာသေးခင်ကမှ ပြန်လည် မေတ္တာမျှခဲ့ကြပြီး သတင်းတွေကလည်း သူတို့နှစ်ယောက်ရည်းစားပြန်ဖြစ်နေပြီဆိုတာကို အတည်ပြုခဲ့ကြပါတယ်။

အသက် ၂၀ အရွယ် Kendall ကတော့ Harry ကို ရင်ခုန်နေဆဲဖြစ်ပေမယ့်  Kendall ရဲ့ မိသားစုတွေကတော့ ဒီသတင်းတွေကို ထူးဆန်းမှုမရှိခဲ့ဘဲ  Kendall ကိုသာ သတိပေးခဲ့တယ်လို့ သိရပါတယ်။ Harry ဟာ သူမကို ထပ်မံအသည်းခွဲသွားရင် ပြင်ဆင်ထားဖို့ သူမရဲ့ မိသားစုတွေက ပြောခဲ့တာပါ။

 Kendall ရဲ့ မိသားစုကတော့ Harry ကတော့  Kendall ကို တကယ်ပြန်ချစ်တာမဟုတ်ဘဲ တစ်နေ့မှာ ပြန်ထားသွားနိုင်တယ်လို့ Harry အပေါ်မှာ သံသယရှိနေပါတယ်။

သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အပတ်အတွင်းက စိန့်ဘတ်ကမ်းခြေက ရွက်လှေတစ်ခုပေါ်မှာလည်း အတူနေခဲ့ကြပြီးနောက်ပိုင်းမှာတော့ ပြန်လည်တွဲခုတ်နေကြတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလူငယ်စုံတွဲဟာဆိုရင်တော့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြပြီး ပြီးခဲ့တဲ့ နှစ်အတော်ကြာတုန်းကလည်း တွေ့ဆုံချစ်ကြိုက်ဖူးခဲ့ကြပါတယ်။

ဒါ့ကြောင့် Kendall Jenner  နဲ့ Harry Styles တို့ကတော့ တစ်ယောက်ကိုတစ်ယောက် ကစားဖို့အတွက်သာ ပြန်တွဲတာလား ၊ တကယ့်ကို ချစ်နေကြလို့ ပြန်တွဲနေကြတာလားဆိုတာကတော့ မသဲကွဲသေးပါဘူး။


( Paing A K )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse