Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , HIV ရောဂါကုသနေမှုကို ယာယီ ရပ်နားထားတယ်ဆိုတဲ့ Charlie Sheen

HIV ရောဂါကုသနေမှုကို ယာယီ ရပ်နားထားတယ်ဆိုတဲ့ Charlie Sheen

| No comment




Dr.Oz နဲ့ အင်တာဗျူးတစ်ခုမှာ ဟောလီးဝုဒ် မင်းသားကြီး Charlie Sheen ဟာ သူ့ရဲ့  HIV ရောဂါ ကုသနေမှုကို ယာယီ ရပ်နားထားတယ်လို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

E! သတင်းဌာနက ဖော်ပြတဲ့ သတင်းတစ်ရပ် အရတော့ Charlie Sheen ဟာ ရောဂါကို ရင်ဆိုင်ကုသနေစဉ်အတွင်းမှာ ပုဂ္ဂိုလ်ရေး အရ ရုန်းကန်နေရမှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ Sheen က ဆိုထားပါတယ်။

"စီမံခန့်ခွဲလို့မရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများစွာရှိနေပါတယ်။ ကျွန်တော်လည်း စပ်စုခဲ့တယ် ၊ တစ်ခြားလူတွေလည်းတူတူပဲဖြစ်မှာပါ။ သင်သိပါတယ် သင်ဟာ နေ့စဉ် တစ်ခုခု အကြောင်းစဉ်းစားနေရင် သင် ဒီလို ခံစားမိမှာပဲ။ ကျွန်တော်က ဒီလို ဖြစ်ရပ်မျိုးနဲ့ ပတ်သက်ပြီး ဘာတွေခံစားရမယ်ဆိုတာကို သိချင်စိတ်ဖြစ်ခဲ့တယ်။ပြီးတော့ရော ၊ ကိုယ့်ကိုကိုယ် အသိအမှတ်ပြုတယ်ဆိုတာ ဘယ်လိုဖြစ်လာမလဲ ၊ တစ်ချို့ဟာတွေက မှန်ခဲ့မယ်ဆိုရင်ရော ၊ အဲ့လိုနဲ့ ကျွန်တော် အတွေးတွေ တော်တော်နယ်ချဲ့ခဲ့ရတယ်" လို့ Charlie Sheen က ဆိုပါတယ်။

Sheen က Dr.Oz ကိုရှင်းပြခဲ့တဲ့အထဲမှာ သူ့ရဲ့ ရောဂါ အခြေအနေ ဘယ်လောက်ထိ ပြင်းထန်တယ်ဆိုတာကိုလည်း သူ မသိနိုင်သေဘူးဆိုတာလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် Charlie Sheen ဟာ သူ့အနေနဲ့ ဒီရောဂါကို ကုသနိုင်ဖို့ ကုထုံးကို ရှာဖွေချင်တယ်လို့ လည်း ဆိုထားပါသေးတယ်။

လက်ရှိ အချိန်မှာတော့ Charlie Sheen ရဲ့  ကျန်းမာရေးအခြေအနေဟာ တည်ငြိမ်နေပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse