Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , “ကျွန်မမှာ ကင်ဆာရောဂါ မရှိပါဘူး” လို့ ဆိုလာတဲ့ Janet Jackson

“ကျွန်မမှာ ကင်ဆာရောဂါ မရှိပါဘူး” လို့ ဆိုလာတဲ့ Janet Jackson

| No comment



စူပါစတား ဖြစ်သူ Janet Jackson ကတော့ သူဟာ လည်ချောင်းကင်ဆာ ခံစားနေရတယ်ဆိုတာ မဟုတ်ကြောင်း မီဒီယာတွေကို ပြန်လည်ရှင်းပြသွားပါတယ်။

ပြီးခဲ့တဲ့လက သူ့ရဲ့ Unbreakable ဂီတဖျော်ဖြေပွဲကို အပြင်းအထန်နေမကောင်းဖြစ်လို့ ရက်နောက်ဆုတ်လိုက်ရပါတယ်။

ဂရမ်မီဂီတဆုရှင်ကတော့ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတယ်ဆိုတဲ့ ကောလဟာလဟာ မဟုတ်မှန်ကြောင်း ဗုဒ္ဓဟူးနေ့က Twitter မှာ ပြန်လည်ဖြေရှင်းထားပါသတဲ့။

“ဒါကောလဟာလပါ။ ကျွန်မမှာ ဘာကင်ဆာမှ မရှိပါဘူး။ ခု ပြန်ပြီး နေကောင်းလာပါပြီ။ ဆရာဝန်ကလည်း ဥရောပမှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲအချိန်ကို အတည်ပြုပေးပြီးပါပြီ။ ရွှေ့ဆိုင်းထားတဲ့ ရှိုးပွဲတွေအတွက်လည်း ပြန်ပြီးပြင်ဆင်ဖျော်ဖြေသွားမှာပါ။ ဆုတောင်းပေးကြတဲ့အတွက်လည်းကျေးဇူး အများကြီးတင်ပါတယ်…” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi