Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , အိမ်ထောင်ရေး ကွာရှင်းပြီးတဲ့နောက်မှာ ချစ်သူ အသစ် ရနေတဲ့ Jennifer Garner

အိမ်ထောင်ရေး ကွာရှင်းပြီးတဲ့နောက်မှာ ချစ်သူ အသစ် ရနေတဲ့ Jennifer Garner

| No comment



ဟောလီးဝုဒ် မင်းသမီး Jennifer Garner ဟာ ခင်ပွန်းဟောင်းဖြစ်သူ Ben Affleck နဲ့ ကွာရှင်းပြီးတဲ့နောက်မှာ ချစ်သူသစ် တစ်ယောက် ရနေပါပြီ။

OK မဂ္ဂဇင်းက တင်ပြထားတာကတော့ အသက် ၄၃ နှစ်ရှိနေပြီဖြစ်တဲ့ Jennifer Garner ဟာ "Grey's Anatomy" ဇာတ်လမ်းရဲ့ မင်းသား ဖြစ်သူ အသက် ၄၉ နှစ်အရွယ် Patrick Dempsey နဲ့ တွဲခုတ်နေတယ်ဆိုတာပါပဲ။ သူတို့ ၂ ဦးဟာ "Valentine's Day" ဆိုတဲ့ ဇာတ်လမ်းထဲမှာလည်း အတူတွဲဖက် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

"သူတို့ ၂ယောက် ခင်လာတာ နှစ်တွေကြာခဲ့ပါပြီ။ တစ်ယောက်ကို တစ်ယောက် ယုံကြည်လာတာလည်း သဘာဝပါပဲ။ Jen ဟာလည်း ယုံကြည်နေသလို စိတ်ဝင်စားခဲ့တာလည်း မှန်ပါတယ်" လို့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။

Jennifer Garner ဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ "Felicity" ဇာတ်လမ်းရဲ့  မင်းသား Scott Foley နဲ့ လက်ထပ်ခဲ့ပြီး Alias ဇာတ်လမ်းထဲက တွဲဖက်သရုပ်ဆောင် Michael Vartan နဲ့လည်း တစ်နှစ်ခန့်တွဲခဲ့ပါသေးတယ်။ အဲဒီနောက်မှာမှ Ben Affleck နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အိမ်ထောင်သက် ၁၀ နှစ်အကြာမှာ လမ်းခွဲခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Fox News