Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber က အားလပ်ရက်မှာ Hailey Baldwin နဲ့အတူ အပန်းဖြေခဲ့

Justin Bieber က အားလပ်ရက်မှာ Hailey Baldwin နဲ့အတူ အပန်းဖြေခဲ့

| No comment



Justin Bieber တစ်ယောက် နှစ်သစ်ကူးအားလပ်ရက်မှာ မိသားစုဝင်တွေနဲ့သာမက သူငယ်ချင်းဖြစ်သူ Hailey Baldwin နဲ့အတူတူ အပန်းဖြေဖို့ ပြင်ဆင်နေပုံပါပဲ။

တနင်္လာနေ့က သူငယ်ချင်းနှစ်ဦးသား Bieber ရဲ့ Instagram မှာ အတူတွဲရိုက်ထားတဲ့ ပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။ ညီငယ် Jaxon နဲ့ အဖေဖြစ်သူ Jeremy Bieber တို့နဲ့လည်း တွဲဖက်ရိုက်ကူးထားတဲ့ ဓါတ်ပုံကိုလည်း တင်ထားပါသေးတယ်။

အသက် ၂၁ နှစ်အရွယ် ပေါ့ပ်စတား ကတော့ အားကစားဘောင်းဘီနဲ့ စနီကာဖိနပ်ကိုစီးပြီး အင်္ကျီအပွကြီးဝတ်ထားတဲ့ Baldwin ဘေးမှာရပ်ပြီး နံရံမှာမီနေတဲ့ပုံကို တင်ထားတာဖြစ်ပါတယ်။

နောက်ပုံတစ်ပုံမှာတော့ Stephen Baldwin ရဲ့သမီးဖြစ်သူ မော်ဒယ် Baldwin နဲ့ မျက်နှာချင်းဆိုင်ရပ်ပြီး ဆံပင်ချည်တဲ့ ခေါင်းစီးကွင်းလေး ပေးနေတဲ့ပုံမှာ “ ငါ အဲဒါယူလိုက်တော့မယ် “ လို့ ခေါင်းစဉ်တပ်ထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Upi