Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Katy Perry နဲ့ Orlando Bloom တို့ချစ်သူတွေဖြစ်နေကြပြီလား

Katy Perry နဲ့ Orlando Bloom တို့ချစ်သူတွေဖြစ်နေကြပြီလား

| No comment

Pirates of The Caribben, The Lord of The Rings, Hobbits စတဲ့ဇာတ်ကားတွေရဲ့မင်းသား Olando Bloom နဲ့ ကမ္ဘာကျော်အဆိုတော် Katy Perry တို့ဟာချစ်သူတွေ ဖြစ်နေကြပြီလားလို့ မီဒီယာတွေက ဖော်ထုတ်လိုက်ပါတယ်။

သူတို့တွေဟာ အမေရိကန်မှာပြုလုပ်ခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲအပြီး Beberly Hills မှာပြုလုပ်ခဲ့တဲ့ ပါတီမှာ အခုလိုမျိုး  တစ်ယောက်နဲ့တစ်ယောက် ကလူကျီစယ်မြူးထူး နေကြတာကြောင့် သံသယ၀င်စရာတွေ ဖြစ်စေခဲ့တာပါ။ အရင်က Olando Bloom ဟာ Victoria's Secret မော်ဒယ် Miranda Kerr နဲ့ Katy Pery ဟာ Russell Brand နဲ့ အသီးသီးလက်ထပ်ခဲ့ဖူးကြတာဖြစ်ပါတယ်။


Katy Pery ဟာပါတီပွဲမှာ ပန်းရောင် ညနေခင်းဝတ်စုံနဲ့အရမ်းလှနေပြီး Olando Bloom ကလည်းအနက်ရောင် ၀တ်စုံပြည့်နဲ့ အတော်ကိုကျက်သရေရှိနေခဲ့တာပါ။ သူတို့ကိုကြည့်ရတာ အချစ်ရည်ရွှန်းလဲ့နေပြီး အရမ်းလဲ ပျော်ရွှင်နေပုံပေါက်တယ်လို့ မီဒီယာတွေက ဖွခဲ့ကြပါတယ်။

Olandoo Bloom ဟာ Miranda Kerr နဲ့ လမ်းခွဲအပြီးမှာ နောက်ထပ်ချစ်သူတစ်ယောက်ကို ရှာနေတယ်လို့လဲ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အရင်က သူ့ထက်၁၈နှစ်လောက်ငယ်ပြီး နာမည်ကြီးမော်ဒယ် တစ်ယောက်ဖြစ်တဲ့ Kendall Jenner နဲ့လည်းသတင်းတွေထွက်ပေါ်ဖူးပါတယ်။


Katy Pery ဟာ ၂၀၁၂က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးနောက်ပိုင်းမှာ သီချင်းရေးဆရာ John Mayer နဲ့ချစ်သူတွေဖြစ်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့နှစ်က လမ်းခွဲခဲ့ကြပါတယ်။ Olandoo Bloom ကတော့ Meranda Kerr နဲ့လက်တွဲပြီး သားတစ်ယောက်မွေးပြီးမှ ၂၀၁၃ ခုနှစ်မှာ ပြတ်စဲခဲ့ကြတာပါ။

နှလုံးသားပိုင်ရှင်မဲ့နေတဲ့ ကြယ်နှစ်ပွင့်ရဲ့သတင်းတွေကိုတော့ ဘာတွေဆက်ကြားရဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။




(Blue Lion)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

#celebrity.thithtoolwin.com

Ref: Mirror