Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , နေ့လည်စာအတူစားခဲ့ကြတဲ့ Kendall Jenner နဲ့ Hailey Baldwin

နေ့လည်စာအတူစားခဲ့ကြတဲ့ Kendall Jenner နဲ့ Hailey Baldwin

| No comment



အခင်ဆုံး သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ Hailey Baldwin နဲ့ Kendall Jenner တို့ဟာဆိုရင်တော့ ဟောလိဝုဒ်အနောက်ပိုင်းမှာရှိတဲ့
Beverly Hills မှာ အတူတူ နေ့လည်စာစားခဲ့ကြတာကိုတော့ မီဒီယာသမားတွေကတော့ အပြေးအလွှားဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။

အသက် ၂၀ ရှိပြီဖြစ်တဲ့ Kendall Jenner နဲ့ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ Hailey Baldwin တို့ဟာ နေ့လည်စာလာစားခဲ့ကြပြီး သေချာတာတစ်ခုကတော့ စကားအများကြီးလည်း မပြောဖြစ်ခဲ့ကြတာပါ။

သူတို့နှစ်ယောက်လုံးဟာ ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ Harry Styles နဲ့ Justin Bieber တို့ရဲ့ လက်ရှိရည်းစားတွေလို့ သတ်မှတ်ခံထားရတဲ့သူတွေဖြစ်ပြီး နှစ်ယောက်လုံးကလည်း အခုချိန်မှာ မီဒီယာတွေရဲ့ ပစ်မှတ်ဖြစ်နေတာပါ။ သူတို့ရဲ့ အဝတ်အစားဖက်ရှင်တွေကလည်း ပြောစရာမလိုအောင်ကို ပြီးပြည့်စုံနေခဲ့ပါတယ်။

Hailey ကတော့ Justin Bieber နဲ့ နှစ်သစ်ကူးညတွေမှာ St.Bart's ကမ်းခြေမှာ အတူရှိခဲ့ကြပါတယ်။ အခုဆိုရင်တော့ Hailey ရဲ့ လက်သူကြွယ်မှာ JB ပေးထားတဲ့ ငွေရောင်လက်စွပ်လေးကိုလည်း တွေ့မြင်နေရပါတယ်။

Kendall ကတော့ Harry Styles  နဲ့ ပြန်တွဲနေလို့ မိသားစုရဲ့ သတိပေးမှုကိုခံနေရသူတစ်ယောက်ဖြစ်ပြီး Harry နဲ့တော့ အခုအချိန်မှာ အတော်လေးကို ပြန်ပြီး အဆင်ပြေနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။


( Paing A K )



#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail