Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , အချစ်အငွေ့အသက်တွေပြည့်နေတဲ့ ဇိမ်ခံရွက်လှေပေါ်က Kendall Jenner နဲ့ Harry Styles

အချစ်အငွေ့အသက်တွေပြည့်နေတဲ့ ဇိမ်ခံရွက်လှေပေါ်က Kendall Jenner နဲ့ Harry Styles

| No comment


Victoria's Secret ရဲ့ နာမည်ကျော် မော်ဒယ်မလေး Kendall Jenner နဲ့ နာမည်ကျော် အဆိုအဖွဲ့ One Direction ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Harry Styles တို့ဟာ ပြင်သစ်နိုင်ငံ St Barts ကမ်းခြေမှာ ချစ်ရည်လူးနေကြပါတယ်။ သူတို့ဟာ ရိုမန်တစ်ဆန်တဲ့ ဇိမ်ခံရွက်လှေပေါ်မှာ အတူရှိခဲ့ကြပြီး

၂၀၁၃ တုန်းက နှစ်ယောက်အတူ ချစ်ကြည်ခဲ့ကြတဲ့ အချိန်တွေကို ပြန်ပြီး အစဖော်ခဲ့ကြပါပြီ။ Kendall ကတော့ Harry Styles ကို ဇိမ်ခံရွက်လှေပေါ်မှာ အနမ်းတွေပေးလိုက် ၊ ဖက်လိုက်နဲ့ Harry ပေါ်ကို ကားရားခွလိုက်နဲ့ နှစ်ယောက်သား ပျော်ရွှင်နေကြတာပါ။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်လုံးက ရွက်လှေပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ နေပူစာလှုံခဲ့ကြတယ်လို့လည်း သိရပါတယ်။
 

အစကတော့ သူတို့နှစ်ယောက်ကြားက အချစ်ရေးဟာ ကောလဟလတစ်ခုလို့သာ သတ်မှတ်လို့ ရခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ အခုလို အပြုအမူတွေကြောင့် သူတို့နှစ်ယောက် ပြန်တွဲနေပြီဆိုတာ သေချာသလောက်ရှိခဲ့တာပါ။


 ဒီအပတ်အစောပိုင်းတုန်းကလည်း Harry ဟာ Kendall ကို မြေထဲပင်လယ်က ကျွန်းတစ်ကျွန်းမှာ ရိုမန်တစ်ဆန်တဲ့ Dinner ကို ဖိတ်ခေါ်ကျွေးမွေးခဲ့ဖူးပါတယ်။ သူတို့ဟာ ဇိမ်ခံရွက်လှေပေါ်မှာ အချိန် အတော်ကြာ နေခဲ့ကြပြီး ကုန်းပတ်ပေါ်က ဆိုဖာတစ်ခုမှာ စကားစမြည်ပြောရင်း တွတ်ထိုးရင်း အတူတူ အချိန်ကုန်ဆုံးခဲ့ကြပါတယ်။



( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail